Unicode
"Ok လေ"
Jeamထပြီးအိပ်ခန်းထဲဝင်သွားသည်ကုတင်ခေါင်းရင်းဘေးကအံဆွဲကိုဖွင့်ပြီးလိမ်မော်ရောင်အိတ်ကိုယူလိုက်သည်ထိုအိတ်ကိုစိုက်ကြည့်ရင်း
"တစ်ခါလောက်တော့ငါပိုင်ဆိုင်သင့်တယ်မဟုတ်လား"
ဟုစိတ်ထဲရေရွတ်ပြီးအခန်းထဲထွက်လာသည်ဆိုဖာပေါ်ထိုင်ပြီးအိတ်ကိုစားပွဲပေါ်ထားတော့Meanက
"ငါကြည့်ပါရစေ"
ပြောပြီးအိတ်ကိုလှမ်းယူတော့Jeamကဆက်ခနဲထိုအိတ်ကိုလှမ်းယူ၍Meanလက်ကလေပေါ်တန်းလန်းဖြစ်ပြီးJeamကိုနားမလည်သလိုကြည့်လျက်
"ဘာလို့လဲ"
Meanလက်ကိုပြန်ရုတ်သိမ်းရသည်Jeamကအိတ်ကိုတချက်ကြည့်ပြီးMeanကိုပြုံးပြကာ
"မင်းမမေ့ဘူးမလားငါ့ကိုအဖော်လုပ်ပေးမယ်ဆိုတာ"
Meanပေါ့ဆစွာ"အင်း..မမေ့ဘူး"ဟုဖြေပေးလိုက်သည်
"ဒီညငါ့ကိုအဖော်လုပ်ပေးဒါမှမင်းဒါကိုရမှာ"
"Jeamအခုလဲငါမင်းအဖော်လုပ်ပေးနေတာပဲကိုဒီလောက်ပြောစရာမလိုပါဘူး"
Jeamခေါင်းရမ်းပြီး
"ငါဒီတိုင်းသဘောပဲပြောတာမဟုတ်ဘူးMean"
Meanမျက်နှာချက်ချင်းတည်သွားသည်သို့သော်သူတွေးသလိုJeamအ့ဲလိုသဘောမဟုတ်လောက်ပါဘူးလို့ဆိုပြီးတည်သွားတဲ့မျက်နှာရုတ်သိမ်းကာခနဲ့ရယ်လျက်
"Jeam..စမနေနဲ့ကွာငါတို့က.."
Meanစကားပင်မဆုံးလိုက်Jeamကမျက်နှာတည်ကြီးနှင့်
"ငါမင်းနဲ့အတူနေချင်တယ်Mean..မင်းနဲ့အတူနေချင်တာကြာလှပြီ"
Meanေခါင်းချက်ချင်းကျိန်းသွားသလိုခံစားရသည်မျက်နှာလဲဆောက်တည်ရာမရအံ့သြတာနဲ့မယုံနိုင်စွာဖြစ်လာသည်Jeamကလိမ်ပြောနေတာမဟုတ်ဘူးဆိုတာMeanသိသည်သို့သော်Jeamကဘယ်ကနေဘယ်လိုဖြစ်ပြီးသူနဲ့အတူနေချင်သလဲအရေးကြီးဆုံးကသူPlanကိုကြိုက်တယ်လို့လဲပြောသေးတယ်အခုကဘယ်လိုဖြစ်လာသလဲMeanသိပ်မယုံချင်သေး၍
"မင်းနောက်တာလွန်နေပြီသူငယ်ချင်း"
သူ့စကားကိုနောက်တယ်လို့ထင်နေတဲ့MeanကိုJeamစိတ်မရှည်တော့ပဲထလိုက်ပြီးMeanကိုကျောပေးလျက်သူဖြစ်ချင်ရာပြောလိုက်သည်
YOU ARE READING
Don't judge a book by its cover [Complete]
Romanceရေဘလောက်ပဲနက်နက်အဲ့နက်နေတဲ့ရေကငါ့အချစ်တစ်ဝက်တောင်မှီဘူး။