ဆေးရုံကုတင်ပေါ်မှာ Oxygenပိုက်နဲ့
ခက်ခက်ခဲခဲ အသက်ရူနေရသည့်
ကျန့်ကောကြောင့် ရိပေါ်မျက်ရည်များ
ပါးပြင်ပေါ်ခုန်ဆင်းကုန်သည်။ဘယ်တော့မှ ကျန့်ကောပျော်အောင်
မထားပေးခဲ့ရဘူး။
ချစ်ရဲ့သားနဲ့ စချင်နောက်ချင်စိတ်ကိုသာ
အရေးပေးခဲ့မိသည်။
သူ့စိတ်ထဲကအတွေးသေးသေးလေးက
ကျန့်ကော သူ့ဆိုဘယ်တော့မှ
စိတ်မဆိုးဘူးဟုပင်။ပန်းချီပြပွဲမှာ ရောင်းရန်မဟုတ်သည့်
ပန်းချီလေးအပေါ် စိတ်ဝင်တစား
ကြည့်နေတဲ့ ကောင်လေးတစ်ယောက်က
ဝမ်ရိပေါ်ရဲ့Crushဆိုရင်
အဲ့ကောင်လေးအံ့သြလေမလား။သူ့စိတ်ထဲမသိမသာခိုးဝင်ရင်း
နေရာတစ်နေရာ ရလာသည့်တိုင်
ကျန့်ကောဆိုတာ ဖွင့်မပြောတဲ့သူ။ရိပေါ်သိတာပေါ့။
ကျန့်ကော သူ့ကိုချစ်နေမှန်း။ရိပေါ်ဆိုတာကလည်း ဒီကျောင်းကိုပြောင်းလာတည်းက
ဒီလူသားလေးကိုပဲ ချက်ချင်းမြင်ခဲ့တာ။
နှလုံးသားဆိုတာကလည်း
သူနဲ့မှအသက်ဝင်ခဲ့တာ။သူ့ထက်အသက်ကြီးပေမဲ့
သူနဲ့အတန်းတူနေတဲ့ ကျန့်ကောက
စာသင်ချိန်တွေဆို အမြဲခိုးငိုက်တတ်သည်။မနက်ပိုင်းသာသင်ရတဲ့ ကျောင်းမို့
သူအိပ်ရေးမ၀တဲ့ အကြောင်းကို
ရှာကြည့်တော့ ရှောင်ကျန့်ဆိုတာ
အသက်လေးနဲ့မှမလိုက်
လုပ်ရတာမနည်းမနောပဲဟာ။ကျောင်းကပြန်ရောက်ရင်
ကော်ဖီဆိုင်လေးသွား။
ည ၁၀ နာရီလောက်မှဆိုင်သိမ်းပြီး
စာကျက်တာနဲ့ဘာနဲ့ ၃နာရီထိအသာလေး
သွားသည်။
မနက်ဆို အစောထပြီးစာလုပ်...
ပစ္စည်းတွေလိုက်ပို့နဲ့ ကျောင်းကလည်း
အမြဲနောက်ကျသည်လေ။ဒါက ဒီလူသားလေးကိုချစ်မိပြီးနောက်ပိုင်း
ရိပေါ်ရဲ့ နေ့စဉ်တာဝန်တစ်ခုလို
ဖြစ်လာခဲ့ရသည်။ကောင်လေးကတော့ မသိရှာပေမဲ့
ရှောင်ကျန့်နဲ့ သူ့ကော်ဖီဆိုင်
ပိုင်ရှင်ကြားက နီးစပ်တဲ့ ဆက်ဆံရေးကြောင့်
ဘ၀င်မကျစိတ်တို့ပိုလာရသည်။ရှောင်ကျန့်မသိခင် ထိုသူနဲ့တိုက်ရိုက်ရှင်းတော့
*မင်းကိုသူက ကြိုက်လို့လား*တဲ့။
YOU ARE READING
ချစ်သောအရှင်(ချစ်သောအရှင်){Completed}
Fanfictionအချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ မကျော်လွန်ဘဲ မင်းကိုလွမ်းနေတုန်း အချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ မကျော်လွန်ဘဲ မင်းကိုလွမ်းနေတုန်း