The Start But Not

11.3K 660 63
                                    

(Zawgyi)

"လွှတ်....ကျွန်တော့ကို လွှတ်လို့ပြောနေတယ်လေ"

"....."

"Celebrity တစ်ယောက်ကို ဒီလိုပြန်ပေးဆွဲတာ ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ...လွှတ်ပေး"

"ကျွန်တော် တို့ ဘက်က တောင်းဆိုချက်ကို လိုက်နာပေးဖို့ပါပဲ ကျန်တာအားလုံးအဆင်ပြေစေရပါမယ်"

"တောင်းဆိုတာ...ဘယ်လိုရူးနေတဲ့ သူက ဒါမျိုးတောင်းဆိုရတာလဲ ၊ အရေးမပါတာတွေ မပြောပဲ ကျွန်တော့ကို လွှတ်ပေးပါ"

"ဒါဆိုရင် ကျွန်တော်တို့ ဘက်ကလဲ စီစဉ်ထားတာကလွဲ ပြီးလုပ်စရာမရှိတော့ပါဘူး...နည်းနည်းစဉ်းစားလိုက်ပါ...ခွင့်ပြုပါအုန်း"

"ဘာ....ဟေး....ခင်ဗျား...ဘယ်သွားတာလဲ..ဟေး"

"..."

"တောက်! ဘယ်လိုများ ဒီလို ရူးကြောင်ကြောင်လူတွေမှာ ဒီလောက်ပိုက်ဆံပေါနေကြတာလဲ"

ဂျွန်မြောင် သည် အခန်းကျယ်ကြီးထဲ တစ်ယောက်ထဲ ကျန်နေခဲ့ရင်း ဒေါသလည်းထွက်၊ စိတ်လည်းပူနေရသည်။
သူ့အနုပညာ သက်တမ်းတစ်လျှောက် ဒီလိုအခြေနေမျိုး
တစ်ခါမှမကြုံဖူးပါ။

အိပ်မပျော်တာမို့ ညဘက်သီချင်းဆို ချော့သိပ်ဖို့ ငှါးချင်ပါတယ်
ဆိုပြီး ဖုန်းဆက်သွယ်လာတုန်းက ဒီအတိုင်း
ပရိတ်သတ်တစ်ယောက်ယောက်က နောက်လာတယ်ပဲ
ထင်ခဲ့တာ။
တကယ်ကြီး ဖြစ်နေလိမ့်မယ်လို့ သူတွေးတောင်မတွေးမိ။

ဘယ်လို ရူးကြောင်ကြောင်သူဋ္ဌေးမို့ ညဘက်ချော့သိပ်ဖို့
အဆိုတော်ငှါးရသည်မသိပါ။
ငှါးရင်လည်း ဒီလောက်အမျိုးသမီးအဆိုတော်တွေ ပေါနေတဲ့အချိန်မှာ ဘာလို့ ဂျွန်မြောင်မှလဲ။
ဂျွန်မြောင်က အရမ်းကြီး အောင်မြင်နေတဲ့
အဖွဲ့တွေလိုမျိုးလည်းမဟုတ်ဖူး။

ဒီတိုင်း Musicalတွေမှာလိုအပ်ရင် ပါဝင်ပေးပြီးတော့
ကိုယ်တိုင်ရေး သီချင်းလေးတွေ Albumထုတ်ထားဖူးတဲ့ သာမန်အဆိုတော်လေးတစ်ယောက်သာ။
အရမ်းကြီး Popularဖြစ်နေတာတောင်မဟုတ်တာကို
ဘာလို့ ဒီလို မြှားဦးဟာ ဂျွန်မြောင်ဆီရောက်လာတယ်မသိပါ။

မနက်ခင်း အိမ်ကနေထွက်လာလာချင်း ကားအနက်ကြီးတစ်စီးပေါ် ဆွဲအတင်ခံလိုက်ရကတည်းက အခုအချိန်ထိ ကျောဘက်မှာ ပူးကပ်ကာအချည်ခံထားရတဲ့ လက်တွေပင်နာနေပြီ။

Astilbe(COMPLETED) Tempat cerita menjadi hidup. Temukan sekarang