LD-P20|ပါးစပ်ပေါင်းထောင်ချီရဲ့ထိုးနှက်မှု[Edited Version]

6.4K 442 1
                                    

#unicode

|အခန်း(၂၀)| ပါးစပ်ပေါင်းထောင်ချီရဲ့ထိုးနှက်မှု

“တောင်းပန်ပါတယ် ရိပေါ်... အခုလိုအချိန်မှာကိုယ် မင်းဘေးနားမှာရှိပေးဖို့ မဖြစ်နိုင်တော့လို့... ကိုယ့်ခြေလှမ်းတွေကြောင့် မင်းကို မထိခိုက်စေချင်ဘူး...

***

ရိပေါ် ဒီနေ့ကျောင်းလာတော့ လူတွေက အရင်နေ့တွေကလိုပုံမှန်မဟုတ်တာကို သတိထားမိသည်။ လာတဲ့လမ်းတစ်‌လျှောက်လုံး လူတွေက သူ့ကို ကြည့်ကြည့်သွားကာ နှာခေါင်းရှုံ့ရှုံ့သွားကြသည်လေ။ တစ်ချို့ဆို လက်ညှိုးတထိုးထိုး၊ ပါးစပ်ကလည်း ပွစိပွစိနဲ့။ ဒါတွေက ရိပေါ်ငယ်စဉ်ကတည်းကကြုံနေကျကိစ္စမျိုးမို့ သိပ်ပြီးတော့လည်း ဂရုမစိုက်ချင်ပေမယ့်...အတန်းထဲရောက်တော့လည်း ထိုနည်းတူစွာပင်မို့။ လက်ထဲက ဖုန်းတွေကြည့်လိုက်၊ သူ့ကိုကြည့်လိုက်နဲ့ တိုးတိတိုးတိ ပြောနေကြတဲ့အတန်းဖော်တွေ။

သူတို့ရဲ့စကားသံသဲ့သဲ့တွေကို ရိပေါ်မကြားဘဲနေရိုးလား။ အများဆုံးကြားတာက “အရှက်မရှိလိုက်တာ”ဟူသည့် ပြတ်တောင်းပြတ်တောင်းစကားလုံးတစ်ချို့။

ရိပေါ်လည်း မနေနိုင်တော့တဲ့အဆုံး သူတို့ဘာကိုကြည့်ပြီးထိုသို့ပြောနေလဲဆိုတာ သိချင်လာပြီမို့ ဖုန်းဖွင့်ပြီး Weiboကို တက်ကြည့်လိုက်တော့...

“ဟမ်!! ဒါ....ဒါက...”

...ကံကြမ္မာက အချိုတစ်လှည့်၊ အခါးတစ်လှည့်ပါလား။ ဒီတစ်ခါ အခါးက ဘယ်လောက်အထိခါးမှာများလဲ။

***

“ဝမ်ရိပေါ် ဆိုတာ နင်လား”

ရိပေါ်ကျောင်းဆင်းတော့ သူ့လမ်းမှာလာပိတ်တဲ့ မိန်းကလေးတစ်ယောက်။ သူမအနောက်မှာလည်း သူမအဖော်တွေ ငါးယောက်ခြောက်ယောက်လောက်ရှိမည်။

“ဟုတ်တယ်၊ ဘာလုပ်မလို့လဲ”

ရိပေါ် ခပ်တည်တည်နဲ့ ပြန်ဖြေလိုက်တော့ ထိုမိန်းကလေးနဲ့ သူမအနောက်က သူမအဖော်များကပါ ဟက်ဟက်ပက်ပက်ကို ရယ်ကြတော့သည်။

“တစ်ဆိတ်... မင်းတို့ရယ်ဖို့စကားလုံးတစ်ချို့ကို ငါမပြောမိဘူးထင်တယ်”

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Donde viven las historias. Descúbrelo ahora