""""""""""အိမ်တံခါးကိုဖွင့်ပြီးပြီးချင်းမှာပဲ
မှောင်နေတဲ့အခန်းကသူ့ကိုကြိုဆိုတယ်
ညတွင်းချင်းပြန်ပြေးခဲ့ချင်းက
မိုးမလင်းတလင်းအချိန်မှာ
အိမ်ကိုရောက်လာစေတော့တာပဲ...ဖိနပ်ကိုကသောင်းကနင်းနဲ့ချွတ်လိုက်ပြီး
တန်းဝင်ပြေးမိတာက အိပ်ခန်းဆီ...
သူ့ခြေသံနဲ့ တစ်စုံတစ်ယောက်ရဲ့
အသက်ရှူသံသဲ့သဲ့ပြတင်းကဝင်နေတဲ့အလင်းပျပျကသာ
အိပ်ခန်းအတွင်းအချင်းအရာတို့ကို
မြင်နေစေတယ်...ကုတင်ပေါ်မှာအိပ်နေသူမရှိဘူး...
ထိုအစား
မာတောင့်တောင့်ကြမ်းပြင်ပေါ်
ခပ်ကွေးကွေးအိပ်ပျော်နေသူတစ်ယောက်သာရှိနေလေတယ်ဘာအသံမှမထွက်နိုင် အမြင်အာရုံတွေက
မှုန်ဝါးဝါးနဲ့
စူးနစ်အောင့်တက်လာတဲ့ နှလုံးသားက
ဒီလူအပေါ်အမြတ်တနိုးချစ်ခြင်းဖြင့်သာ..တစ်ညလုံးမအိပ်လာခဲ့တဲ့မျက်စိက
ခု ဒီလူကိုတွေ့လိုက်ရမှမှေးစက်ချင်လာတယ်...မျက်နှာချင်းဆိုင်ဝင်လှဲလိုက်ပြီး
ထိုသူနည်းတူကွေးကွေးလေးအတိုင်း
ရှိနေလိုက်တယ်.အေးစက်မာတောင့်နေတဲ့ကြမ်းခင်းက
သက်တောင့်သက်သာ မရှိပေမယ့်လည်း
သူ့ရှေ့မှာ Phi ရှိနေလို့ပျော်တယ်...
သူမရှိတဲ့တစ်ပတ်အတွင်း Phi ဒီလိုပဲ
အိပ်နေခဲ့မလားစိတ်ပူလာတယ်...အေးချမ်းစွာအိပ်ပျော်နိုင်ခဲ့ပါ့မလား
စိုးရိမ်လာတယ်..အချင်းချင်း ထွေးဆုပ်ထားတဲ့ Phi ရဲ့
လက်ဖဝါးနှစ်ခုကြားသူ့လက်ဖဝါးတစ်ဖက်ကို
ထိုးထည့်လိုက်တယ်....
ပြီးမှနောက်တစ်ဖက်ကို Phi လက်ပေါ်ကအုပ်ကိုင်လိုက်တယ်...ပြီးတော့ Phi နဖူးပေါ် သူ့နူတ်ခမ်းအေးစက်စက်နဲ့
အနမ်းခပ်နွေးနွေး"ကျွန်တော်တို့ထပ်မခွဲတော့ဘူး Phi...
ဘယ်တော့မှ..ဘယ်လိုအကြောင်းနဲ့မှ...
.......ချစ်တယ် Phi....
ကျွန်တော် Phi ကို ပြောမပြနိုင်လောက်အောင်ချစ်တယ်...''Phi အိမ်မက်ထဲထိကြားပါစေ...
""""""""""""""""""""""
လည်ပင်းဆီတိုးဝှေ့နေတဲ့ထွက်သက်နွေး
နွေးကြောင့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိတယ်..
အတူနိုးထရတဲ့မနက်ခင်းတိုင်းမှာ
ချစ်ရသူရဲ့အသက်ရှူသံတိုးတိုးနဲ့
ကိုယ်လုံးနွေးနွေးလေး.....
YOU ARE READING
Rebirth for Love
FanfictionRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...