ပိတောက်တွေဝေတဲ့ နေ့က မိုးဖွဲတွေဖြာတယ်
" ကျောင်းတွေပိတ်တော့ လွမ်းနေရတော့မှာ" ဆိုတဲ့
သပြေတစ်ခက်နဲ့ ရေတစ်စက်ရဲ့ စကားအဆုံးမှာ
ကိုယ့်ဘ၀ကြီးတစ်ခုလုံး ပါသွားတယ်။သူက လည်လွန်းတာလား
ကိုယ်ပဲ အကဲမခတ်သလား
မိုးရေတွေနဲ့အတူ သူပြုံးပြခဲ့သလို
ကိုယ့်ခေါင်းကိုဆွဲဖွခဲ့တာ သူမဟုတ်သလိုပြန်လာမှာ တဲ့
သူက ပြန်လာမှာပါ တဲ့
ဘယ်နှရာသီတွေ လည်ခဲ့ပြီးပြီလဲ
သူမရှိတော့တာ အသေအချာမမုန်းခဲ့ပါဘူး
မမုန်းရက်ခဲ့ဘူး
သူဟာ စီးကရက်လေးတစ်လိပ်ပဲ
မကောင်းမှန်းသိသိရက် တစ်စိုက်မတ်မတ်
ရှိုက်ဖွာပစ်ချင်တာ
မှုတ်ထုတ်လိုက်တဲ့ အငွေ့တွေကြား
သူ့မျက်နှာလေး ပုံဖော်ရတာ ပျော်စရာကမ္ဘာကြီးမှာ အပေါဆုံးကလူတွေပဲ
ငါမြတ်နိုးမိတဲ့လူကရော
ဘယ်အရပ်ဆီကို ထွက်သွားခဲ့သလဲ
လိုက်ရှာရတာ မောတယ်သတိရတဲ့အခါ ပြန်လာပါ
လိုအပ်တဲ့အခါ ပြန်လာပါ
ကိုယ်မမုန်းနိုင်တာ သိသိကြီးနဲ့
မဆိုးပါနဲ့....ပြန်လာပါ။03 April 2020