- 01 -

5 0 0
                                    

ပိ​တောက်​​တွေ​ဝေတဲ့ ​နေ့က မိုးဖွဲ​​တွေဖြာတယ်
" ​ကျောင်း​တွေပိတ်​​တော့ လွမ်း​နေရ​တော့မှာ" ဆိုတဲ့
သ​ပြေတစ်​ခက်​နဲ့ ​ရေတစ်​စက်​ရဲ့ စကားအဆုံးမှာ
ကိုယ့်​ဘ၀ကြီးတစ်​ခုလုံး ပါသွားတယ်​။

သူက လည်​လွန်းတာလား
ကိုယ်​ပဲ အကဲမခတ်​သလား
မိုး​ရေ​တွေနဲ့အတူ သူပြုံးပြခဲ့သလို
ကိုယ့်​​ခေါင်းကိုဆွဲဖွခဲ့တာ သူမဟုတ်​သလို


ပြန်​လာမှာ တဲ့
သူက ပြန်​လာမှာပါ တဲ့
ဘယ်​နှရာသီ​တွေ လည်​ခဲ့ပြီးပြီလဲ
သူမရှိ​တော့တာ အ​သေအချာ


မမုန်းခဲ့ပါဘူး
မမုန်းရက်​ခဲ့ဘူး
သူဟာ စီးကရက်​​လေးတစ်​လိပ်​ပဲ
မ​ကောင်းမှန်းသိသိရက်​ တစ်​စိုက်​မတ်​မတ်
ရှိုက်​ဖွာပစ်​ချင်​တာ
မှုတ်​ထုတ်​လိုက်​တဲ့ အ​ငွေ့​တွေကြား
သူ့မျက်​နှာ​လေး ပုံ​ဖော်​ရတာ ​ပျော်​စရာ

ကမ္ဘာကြီးမှာ အ​ပေါဆုံးကလူ​တွေပဲ
ငါမြတ်​နိုးမိတဲ့လူက​ရော
ဘယ်​အရပ်​ဆီကို ထွက်​သွားခဲ့သလဲ
လိုက်​ရှာရတာ ​မောတယ်

သတိရတဲ့အခါ ပြန်​လာပါ
လိုအပ်​တဲ့အခါ ပြန်​လာပါ
ကိုယ်​မမုန်းနိုင်​တာ သိသိကြီးနဲ့
မဆိုးပါနဲ့....ပြန်​လာပါ။


03 April 2020


My Accident Where stories live. Discover now