Part 9

8.7K 790 10
                                    

Zawgyi

ရှောင်းကျန့် အရမ်းပျင်းနေပြီ မင်းသားကလည်း ဘေးမှာမရှိဘူး။
မင်းသားလေး basketball ကစားတာမပြီးသေးဘူးလား မသိဘူး ပျင်းလိုက်တာ။

အားကစားချိန်မလို့ နောက်တစ်ပတ်ကျရင် basketball ပြိုင်ပွဲရှိတာနဲ့ မင်းသားတို့ ကြိုတင်လေ့ကျင့်နေကြတယ်။
ရှောင်းကျန့်တို့ကတော့ အားကစားဆရာသင်ပေးတဲ့အတိုင်းလိုက်လုပ်ကြရတယ်။
ရှောင်းကျန့်ကို မင်းသားက လိုက်မလားလို့ ခေါ်ပေမယ့် ရှောင်းကျန့်က ဆရာဆူမှာကြောက်လို့ မလိုက်ဘဲ နေခဲ့ခြင်းဖြစ်တယ်။

အခုနေ့လည်ထမင်းစားချိန်တောင်ရောက်ပြီ မင်းသားက ပြန်မလာသေးဘူး။
ရှောင်းကျန့်ရိပေါ်နဲ့ထမင်းအတူတူစားနေကြဆိုတော့ သူတစ်ယောက်တည်းမစားချင်တာနဲ့ စားပွဲခုံပေါ်မှောက်အိပ်ပြီး ရိပေါ်ကိုစောင့်နေလိုက်တယ်။

ရိပေါ် basketball ကစားပြီး ပြန်လာတော့ နေ့လည်ထမင်းစားနားချိန်တောင်ရောက်နေပြီ သူတို့လည်း နေ့လည်စာမစားရသေးတာနဲ့ နားလိုက်တယ်။
ရိပေါ် နေ့လည်စာစားပြီး အခန်းပြန်ရောက်တော့ ရှောင်းကျန့်က ခုံပေါ်မှာ မေးလေးတင်ပြီး အိပ်ပျော်နေတယ်။

ရိပေါ် ရှောင်းကျန့်နားဝင်ထိုင်လိုက်ပြီး နဖူးပေါ်ကျနေတဲ့ ဆံပင်လေးတွေကို သပ်ပေးပြီး ရှောင်းကျန့်ကိုနိုးလိုက်တယ်။

''ရှောင်းကျန့်....ရှောင်းကျန့်''

''ဟင်.....အင်းးး.... ''

''ထတော့လေ လည်ပင်းတွေနာလိမ့်မယ်''

''အင်းပါ.... ကစားလို့ပြီးသွားပြီလား... ''

''အင်း.... အိပ်ချင်နေလို့လား''

''မဟုတ်ပါဘူး.... မင်းသားကိုစောင့်ရင်းအိပ်ပျော်သွားတာ''

''ဟုတ်လား ကိုယ်ကနေ့လည်စာဝင်စားနေလို့....''

''ဟင်.... စားပြီးသွားပြီလား''

''အင်း.....ဘာလို့လည်း''

''ဘာမှမဟုတ်ပါဘူး''

ရိပေါ် ရှောင်းကျန့်မျက်နှာကြည့်လိုက်တော့ မျက်နှာညိုးနေတာနဲ့ စိတ်ထဲထင့်သွားတယ်။

''ရှောင်းကျန့် နေ့လည်စာမစားရသေးဘူးလား''

''.....''

ချစ်ရသူမင်းသားလေး / ချစ်ရသူမင်းသားလေး (Completed )Tempat cerita menjadi hidup. Temukan sekarang