Atar part 6

533 36 0
                                    

Atar part 6
သက်ထားနွယ်

အလွန်လှပတဲ့အမျိုးသမီးတစ်ဦး
ချစ်ဖို့ကောင်းသလောက်ဆိုးသည်
အဝတ်အစားဆိုရင်ပင်အတိုအပြတ်များ
ဝတ်ရသည်ကိုနှစ်သက်သည်
ရဲရင့်သည် ယုံကြည်မှုအပြည့်ရှိသည့်
မိန်းကလေးတစ်ယောက်ဖြစ်သည်
သူမရဲ့မိဘများဟာစည်းကမ်းတင်းကြပ်
သူများဖြစ်သည်
ထိုစည်းကမ်းများကိုနွယ်မကြိုက်သလို
တစ်ခါမှလည်းလိုက်မနာဖူးပါ

နွယ့်မှာကောင်လေးများဝိုင်းဝိုင်းလည်နေ
သည့်တိုင်သူမချစ်နေသူဟာတစ်ဦးတည်း
ပင်
ထိုသူကသူမရဲ့ပထမဆုံးအချစ်ဦး
သူ့ကိုချစ်သည် သူ့ကြောင့်အရာအားလုံး
ပြောင်းလဲခဲ့တယ်

သူမမလိုက်နာဖူးသောစည်းကမ်းများကိုပင်
လိုက်နာခဲ့သည်
ဘယ်သူကထင်မလဲ
သူမနှစ်နှစ်ကာကာချစ်ရသူကရုပ်ချင်းခွဲမရ
အောင်တူလွန်းနေတာတောင်ဘာလို့
သူမရဲ့အမွာညီအမကိုရွေးချယ်ရသလဲ

သက်ထားနွေ

လှသည်ထက်နန်းဆန်သည်
ချစ်ဖို့ကောင်းသည်
သူမကတော့နွယ်နှင့်အကျင့်များဟာ
ပြောင်းပြန်ဖြစ်သည်
မိဘများကပင်အလွန်အားကိုးရသည်

သူတို့အမွာညီအမဟာယောက်ျားလေး
တစ်ယောက်ကိုအတူကြိုက်ခဲ့ကြသည်

လှမျိုးဦးသည်လေယာဥ်မှူးတစ်ယောက်
ဖြစ်သည်
နွယ်ဟာမိမိချစ်ရသူသည်ကိုယ့်ရဲ့ခဲအို
အဖြစ်အကောင်းဆုံးကြိုးစားခဲ့သည်

တစ်နေ့
သင်ကြန်အချိန်တွင်ဒတိယသားယောက်ျား
လေးတစ်ဦးကိုဖွားမြင်ရင်းနွေဟာမီးတွင်း
တွင်အသက်ဆုံးသွားသည်

ကလေးငယ်အတွက်နွယ်ကိုနွေအဖြစ်သို့
သူမရဲ့မိဘများကပြောင်းလဲခဲ့သည်
နွယ်မုန်းသည်
သူမိဘတွေကိုမုန်းသည်
သူ့အမကိုမုန်းသည်
သူချစ်တဲ့ထိုလူကိုမုန်းသည်

အမဆုံးသည်နှင့်သူကအရက်တွေအလွန့်အကျွံ
သောက်သည်
နောက်ဆုံးအသည်းကင်ဆာဖြင့်အသက်ဆုံး
ခဲ့သည်

နွယ်ပထမတော့သူကိုမမုန်းခဲ့ပါဘူး
သူချစ်တဲ့အမဆုံးသွားခဲ့တယ်
ဒါကြောင့်သူ့နားမှာအမနဲ့နည်းတူ
သူအတူရှိပေးတယ်
မိန်းမတစ်ယောက်တာဝန်
မိခင်တစ်ယောက်တာဝန်
ညီမတစ်ယောက်တာဝန်
သမီးတစ်ယောက်တာဝန်
ထိုအရာအားလုံးကိုသူပေးဆပ်ခဲ့သည်

Atar Where stories live. Discover now