Extra

6.4K 241 13
                                    

ရှင်းစရာကိစ္စတွေပီး တာနဲ့ကျနော်တို့နှစ်ယောက်လက်ထက်လိုက်ကြတယ် ကောကိုကျနော်အိမ်မှာပဲတင်ကျွေးထားတယ် အလုပ်လဲမလုပ်ခိုင်းဘူး ဒီတိုင်းအလှထားထားတာ တစ်ခါတစ်‌လေ ရုံးထိလိုက်လာပီး စာရင်းတွေလိုက်လုပ်ပေးနေလို့မနည်းတာထားရယ် အိမ်မှာနေရတာပျင်းလို့တဲ့လေ အလုပ်ခေါ်လာပြန်ရင်လဲ ကျနော် အလုပ်လုပ်ရမှာကိုမဟုတ်ဘူး ကျနော်စိတ်ကိုကျနော်သိတယ်
မနက်ဖြန် ကကျနော်တို့ မဂ်လာဆောင်တာ တစ်နှစ်ပြည့်မို့လို့ ကျန်ကောကို တစ်နေ့လုံးအချိန်ပေးဖို့နဲ့ ပွဲသေးလေးတစ်ခုပြင်ဆင်နေတယ်လေ

"ရိပေါ် "

"ကော စောလှချည်လား"

ကောကကျနော့ကိုအမြဲနေ့လည်ကျရင် ထမင်းချိုင့်လေးလာပို့ပေးနေကျ ကောကိုယ်တိုင်ချက်ပီး နော်တို့နှစ်ယောက်နေ့လည်စာကိုအလုပ်မှာ ပဲတူတူစားနေကျပေါ့ ပီးရင်လဲ ညနေရုံးဆင်းမှ ကျနော်နဲ့တူတူပြန်တာ

"‌ရိပေါ် အလုပ်ရှုပ်နေတာလား "

"အင်းနည်းနည်းပါ "

"ကောဘာလုပ်ပေးရမလဲ"

"ဘာမှမလုပ်ရပါဘူး ကျနော့နားနေပေးရင်ရပီ "

"အင်းအင်း ထမင်းစားတော့မယ်ဆိုပြောနော်"

အလုပ်ဆက်လုပ်ပီး ခဏနေတော့ ရိပေါ်နာရီကြည့်လိုက်တော့ ၁နာရီတောင်ထိုးနေပီ ကောကိုကြည့်လိုက်တော့ ဆိုဖာပေါ်မှာအိပ်ပျော်နေပီ သားရည်တွေလဲကျလို့ ကောနားလေးသွားပီး နဖူးလေးကိုဖွဖွလေးနမ်းပီးနှိုးလိုက်တယ် အခုဆိုကောလဲထမင်းဆာနေလောက်ရောပေါ့
ကျနော်တို့ ထမင်းစားလို့ပီးတော့ ရိပေါ်ကတော့ အလုပ်ဆက်လုပ်ရှောင်ကျန့်ကတော့ လေးနားကနေထိုင် ကြည့်နေရတယ် ညနေကျတော့တူတူပြန်ကြတယ် ကျန့်ကောကို မနက်ကျရက် surpriseလုပ်ရမယ် ရိပေါ်ကားမောင်းနေရင်းနဲ့

"ကောမနက်ဖြန်ဘာနေ့လဲသိလား"

"စနေနေ့လေ ဘာလို့လဲရိပေါ် "

"ကော……"

"ကောသိပါတယ် နောက်တာပါ ကောတို့ one year anniversary လေကောသိတာပေါ့ "

"မနက်ဖြန်ကောကို ကျနော် စပရိုက်လုပ်မယ်"

"အင်းကောရောပဲ ရိပေါ်ကို စပရိုက်လုပ်မယ်"

💚You teach me What's love♥️(Completed)(Z & U)Where stories live. Discover now