ZAWGI
{အမှာစာ} ဒါလေးကို ဖြစ်နိုင်၏ မဖြစ်နိုင်၏ မတွေးကြဘဲ ပေါ့ပေါ့ပါးပါးလေး ဖတ်စေချင်ပါတယ်
သမက်နဲ့ယောက္ခမ ဘုဘောက်ကျ ကြတာပေါ့
***********************************
"ရှောင်းကျန့် !!! မင်းမှာ ဦးနှောက်ရော ရှိသေးရဲ့လားကွ!!!!"
ညီအစ်ကိုနှစ်ယောက်လုံး ယောက်ျားတွေကို စိတ်ဝင်စားသည်ဟု ၀န်ခံစဉ်တုန်းကလည်း ပါးပါးသည် တစ်ခါသာ အန်ပြီးနောက် ခွင့်လွှတ်ပေးခဲ့သည် ။ (စိတ်ဖိစီးမှုများလျှင် အန်တတ်သော ပါးပါး အကျင့်အရ)
ယောက်ျားတစ်ယောက်နှင့် လက်ထပ်လိုပါကြောင်း တောင်းဆိုစဉ်ကလည်း ပါးပါးသည် တစ်ခါသာအန်၍ ခွင့်ပြုပေးခဲ့ပြန်သည် ။
ပြဿ နာက မောင်နှင့်တွေ့မှ ...
ပါးပါးနှင့် မောင်သည် လုံးဝမတည့် ။
ဖြစ်ပုံကား ဒီလို...
"လူငယ်တွေဟာ ထောင့်ကိုမကျိုးဘူးဗျ
ဟိုနေရာလည်း လက်ကြောမတင်း
ဒီနေရာလည်း လက်ကြောမတင်းနဲ့...
ရင်လေးတယ်ဗျာ"ရှောင်းဟန့်က ဒီလိုပဲ
အာပေါင်အာရင်းသန်သန်နဲ့ လူငယ်တွေကို ဖဲ့နေကျ ..."အဲ့လို ပြောနေတဲ့ လူကြီးတွေကမှ ကိုယ်တိုင်လည်းမသွားနိုင် နောက်က လူတွေကို ပေးမသွားဘဲ လမ်းမှာ ပိတ်ရပ်ထားတဲ့ လူအိုတွေလိုပဲ"
"ဘာကွ!!"
ရှောင်းဟန့်က စိတ်ဆိုးမာန်ဆိုးဖြင့် နောက်လှည့်ကြည့်သည် ။
ထိုင်ခုံပေါ်မှာ ခြေချိတ်ထိုင်နေသော လူငယ်ဟာ ကုတ်ထိကျနေသော ဆံပင်တို့ကို တစ်ဝက်စည်းနှောင်ထားသည် ။
လူကို စိုက်ကြည့်နေလိုက်တာလည်း ပေါက်ထွက်မတတ်...
"ဟေ့ကောင် မင်း ဘာစကားပြောတာလဲ"
"ဘာလဲ မကြားလိုက်ဘူးလား ဦးနှောက်တင်မကဘူး နားပါမကောင်းတော့ဘူးထင်တယ်"
"မင်း!! မင်း!!"
ကိုယ်မွေးရင် ကိုယ့်သားလောက် ရှိမယ့်ကောင်ကများ...
ရှောင်းဟန့် အံ့အားသင့်နေစဉ်မှာပဲ ထိုလူငယ်က ဆိုင်ကယ်ပေါ်တက်၍ ထွက်သွားလေပြီ ။
ESTÁS LEYENDO
ငါ့သမက်က ၀မ်ရိပေါ် ( ငါ့သမကျက ၀မ်ရိပေါ် ) COMPLETED
Fanfic"မင်းကိုယ်မင်း ကံဆိုးလှပြီထင်နေလား ငါ့သမက်က ၀မ်ရိပေါ်ကွ" ထိုစဉ် အဖိုးကြီး ရှောင်းဟန့် သွေးအန်လေသတည်း ... "မင်းကိုယ်မင်း ကံဆိုးလှပြီထင်နေလား ငါ့သမက်က ၀မ်ရိပေါ်ကွ" ထိုစဉ် အဖိုးကြီး ရှောင်းဟန်႕သွေးအန်လေသတည်း ...