Atar part 7

432 28 0
                                    

Atar part7

"ဟယ်သက်ထား"

"နေကောင်းတယ်နော်မမသူဇာ"

"ညီမနော်ပြန်လာတာတောင်မပြောဘူး"

"အခုမမဆီတန်းလာတယ်လေ"

"နွေဦးလေးလည်းပါတာဘဲ"

နွေဦးမလိုက်ချင်ပါ
သို့သော် သူမလိုက်လျှင်သူ့အမေဘာလုပ်မလဲ
ဆိုတာ
သူအတက်နိုင်ဆုံးထိန်းရမည်

"ဘုန်းမြတ်လေးရော"

"သားလားခြံထဲမှာ နွေဦးသားဘဲသွားခေါ်လိုက်
ပါအုံး"

"ဟုတ်"

အတာခြံနောက်ကိုထွက်လာခဲ့သည်
ခြံထဲတွင်ပန်းပင်တွေကိုသေချာစိုက်ပျိုးနေတဲ့
ဘုန်းမြတ်နောက်ကျောကိုအတာ
အချိန်အတော်ကြာသည်အထိကြည့်နေမိသည်

ပန်းပင်တွေကြားအေးချမ်းစွာရှိနေတဲ့ခင်ဗျားကို
ကျွန်တော်နာကျင်အောင်လုပ်မိမှာကြောက်တယ်
ငေးကြည့်ချင်ခဲ့တယ်
ဒီအတိုင်းလေးဘဲကြည့်ပြီးကျေနပ်နေခဲ့တာ
ဒီလောက်နဲ့ကျေနပ်နေခဲ့တာ

"အတာရောက်နေတာလား
ခေါ်ရောပေါ့"

"အစ်ကိုအလုပ်ရှုပ်နေလို့ဒီအတိုင်းဘဲကြည့်နေတာ"

"အစ်ကိုဘာအပင်စိုက်နေတယ်ထင်လဲ"

"ဟင်"

"ပိတောက်ပင်နဲ့နှင်းဆီပင်"

"ဘာလို့"

"ပိတောက်ပင်ကအစ်ကိုကြိုက်လို့လေ
နှင်းဆီပင်ကအတာ့အတွက်"

"ဟုတ်လား အာ မားအထဲမှာစောင့်နေတယ်မြန်မြန်လာခဲ့တော့"

ဒီကလေးကအတော်အကြိုက်ကထူးဆန်းတယ်
ယောက်ျားလေးပေမယ့်နှင်းဆီအနီရောင်ကို
အတော်ကြိုက်တာ
ငယ်ငယ်ကဆိုသင်ကြန်မှာလူတိုင်းပိတောက်ပန်း
တွေဝယ်နေချိန်သူကတော့နှင်းဆီပန်းအရောင်
ရင့်ရင့်ကိုမှရွေးဝယ်တက်တယ်

မနေ့ကအလုပ်ပြန်ရင်းသတိရလို့မျိုးစေ့တွေဝင်ဝယ်ခဲ့တာ
မရောက်တာကြာပြီဖြစ်တဲ့ခြံထဲလည်းပြန်ဆင်းခဲ့တယ်
အတာကျွန်တော်စိုက်တဲ့နှင်းဆီပင်ကိုတောင်းရင်
ကောင်းမှာဘဲ

Atar حيث تعيش القصص. اكتشف الآن