1

104 16 7
                                    

Zawgyi~~~

Seoul မြို့ရဲ့ တစ်နေရာ...

တစ်နည်းအားဖြင့် ဆင်ခြေဖုံးရပ်ကွက်လေးရဲ့တစ်နေရာ

ဝယ်သူမရှိတဲ့ 24hour store လေးတစ်ဆိုင်

အချိန်အားဖြင့် ည၇နာရီကျော်လောက်ပဲဖြစ်သေးပေမယ့် လူခြေတိတ်ဆိတ်နေခဲ့သည်...

"ဟူး....ပင်ပန်းလိုက်တာ"

အချိန်ပိုင်းအလုပ်သမားလေး Kim Taehyung တစ်ယောက် store ဆိုင်ရဲ့ ကောင်တာလေးမှာထိုင်ပြီး ငြီးငြူနေလေရဲ့...

ဟုတ်တယ် သူပင်ပန်းတယ် မနက်စောစောကျောင်းမတက်ခင်သတင်းစာပို့တဲ့အလုပ်ကိုလုပ်ရတယ်  ကျောင်းကိုမမှီမှီအောင်သွားရတယ်
ကျောင်းဆင်းရင် Delivery လုပ်ငန်းတစ်ခုမှာ အချိန်ပိုင်းအလုပ်သမားအနေနဲ့ Deli တွေလိုက်ပို့ရတယ်
ပြီးရင် ဒီ Store လေးမှာ ညပိုင်းအလုပ်လုပ်ရတယ်..

တစ်ခါတလေ သူတွေးမိတယ် သူ့ဘ၀ကအေးဆေးနေဖို့ဇာတာများ မပါဘူးလားရယ်လို့ သူလည်းတခြားဆယ်ကျော်သက်တွေလို ကျောင်းကိုအေးဆေးတက်ချင်မိတယ်

အိပ်ချိန်တန်အိပ် စားချိန်တန်စားပြီး စာကိုတစိုက်မတ်မတ်ကြိုးစားချင်တယ် ...

ဒါပေမယ့်အဲ့တာတွေက သူနဲ့မဆိုင်သလိုပါပဲလေ...ဘ၀ပေးအခြေနေကြီးက ခက်ခဲလိုက်တာများ

Taehyung မှာက မိဘအရင်းတွေမရှိပဲ မိဘမဲ့ဂေဟာမှာပဲ ကြီးပြင်းခဲ့ရတဲ့ကလေးတစ်ယောက်....အသက် ၁၁နှစ်မှာ သဘောကောင်းတဲ့ လင်မယားကမွေးစားခဲ့ပေမယ့် သူ့အတွက် ကံကြမ္မာကပျော်ရွှင်မှုပေးရမှာကို မလိုလားဘူးထင်ပါရဲ့

သူ့ကိုမွေးစားပြီး တစ်နှစ်အကြာမှာ သူ့မွေးစားအဖေဆုံးပါးသွားခဲ့တယ်...သူ့မွေးစားအမေကလည်း ကျန်းမာရေးချူချာခဲ့တယ်..

အမှန်ဆို အသက်၁၉ နှစ်ဆိုတဲ့အရွယ်က မကျန်းမာတဲ့ လူတစ်ယောက်ကိုစွန့်ပစ်ပြီး ခြေစုံကန်လို့ရနေတဲ့အရွယ်..

ဒါပေမယ့် သူမလုပ်ရက်ဘူး... သူ့ကိုမကျန်းမာတဲ့ကြားထဲကနေ သွေးသားအရင်းမဟုတ်ပဲ ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူ့အမေ.. မွေးစားထားပေမယ့်လည်း Taehyung အမေအရင်းလိုပဲ ချစ်ရသည်..

You've reached the end of published parts.

⏰ Last updated: Apr 05, 2020 ⏰

Add this story to your Library to get notified about new parts!

Your little babe✨Where stories live. Discover now