Saint Suppapong Udomkaewkanjana
အသက်က ၂၃ ပါဗျ ကျွန်တော်အရမ်းချစ်ရတဲ့ ဦးတစ်ယောက်ရှိတယ် သူ့နာမည်က Perth Tanapon တဲ့ ကျွန်တော်တို့ ဇာတ်လမ်းလေးက ဒီလိုစ......
ဘောလုံး ကန်ပြီး ကျောင်းကနေ အိမ်ကိုအမြန်ပြေးလာရတယ် အထက်တန်းနောက်ဆုံးနှစ်ပါ
အထက်တန်းစား လွှာတွေနေတဲ့ ရပ်ကွက်
ထဲမှာမို့ ညနေ ခြောက်နာရီဆိုတာနဲ့ လူခြေတိတ်နေပြီ၊ဘောင်းဘီ အပြာရောင် လေးနှင့် ပေကျံနေတဲ့ uniform အဖြူ တို့က ကျွန်တော့် ရဲ့ ချစ်စရာကောင်းမှုကို ယုတ်လျော့စေသည်။
ဘေးခြံမှာ အိမ်ပြောင်းလာသည့် လူသစ်များ ဖြစ်ပုံရသည်။ ကျွန်တော့်မှာ ပြေးပြီး အချိန်မီ အောင် လုပ်နေရပေမဲ့ ကားကန့်လန့်ဖြတ် ရပ်ထားတာရယ် ပစ္စည်းတွေ က ကြီးကြီး တွေ ရွှေ့နေတာရယ်ကြောင့် ရှောင်ကွင်းပြီးသွားလို့ကမရ၊
"ဒီမှာ ဦးလေးကြီးရဲ့ကား မြန်မြန်ရွှေ့ဗျ လမ်းပိတ်နေပြီ"
ပေကျံညစ်ပတ်နေတဲ့ ဖြူဖြူ လုံးလုံးကောင်လေး က ကျွန်တော့်ကို စိတ်မရှည်စွာ အော်ဟစ်ပြောနေသည်။
အခုထိ ပစ္စည်းရွှေ့တာမပြီးလို့စိတ်ညစ်နေရတဲ့ အထဲ ဒီကလေးက တစ်မျိုး
"ကားအောက်ကနေသာ တိုးဝင်သွားလိုက် "
"ဘာဗျ......"
*တွေ့မယ် *
"အား........."
ခါးထောက်ထားတဲ့ လက်တွေကို ဆွဲယူပြီး အပြီအပြင်ကုန်းကိုက်နေတဲ့ ခွေးပေါက်လေး တစ်ကောင်ကြောင့် ငယ်သံပါအောင်အော်မိတော့နာပဲ
"ခွေးဖြူကောင်.......ခွပ်"
ကျန် အားနေတဲ့လက်တစ်ဖက်နဲ့ မောက်ပြီးပြောင်နေတဲ့ နဖူးကို ခွပ်ကတည်းမြည်အောင် ခေါက်လိုက်တော့တာပဲ
"အ..... အား mae ရေ သားကို ကပ္ပလီ အဖိုးကြီး နှိက်စက်နေတယ် ဟီး အီး............"
ခုနှစ်သံချီပြီး ငိုလိုက်တော့ ဘေးခြံက လူတွေထွက်လာပါလေရော
နဖူးကို အုပ်ပြီး မမဆိုပြီး ပြေးဖက်သွားသည်။
ခုနက ကတည်းက လမ်းလွတ်နေပြီကို မသွားဘဲ သူ့ကိုလာ ကိုက်တယ်ခွေးဖြူကောင်လေး ခဏအကြာ တစ်ဖက် ခြံထဲက ပြေးထွက်လာတဲ့ ထိုကောင်လေးနဲ့ အရွယ်တူကလေးမတစ်ယောက်
YOU ARE READING
ချွဲစိန် ရစ်လုံး{ Z&U}(Complete)
Fanfiction"ကလေး ဆိုလည်းချစ်မှာပဲ ကလေးရစ်လဲခံမှာပဲ ကလေး ဘယ်လိုနေနေချစ်မှာပဲ" "ဦးက ကလေး ရစ်တယ်ပြောချင်တာလား ကလေး ကဆိုးတယ်ဆိုပြီးသတ်မှတ်ထားတယ်ပေါ့" 🖤PerthSaint♥