Chapter - 1.1

45.2K 2.1K 32
                                    

[Zawgyi]

<အမဲနှပ်ခေါက်ဆွဲ>

ရန်ပြည်နယ်ရဲ့ (၆၉)နှစ်မြောက် ဆောင်းရာသီမှာ လူမှုဝန်ကြီးဟာ စုံစမ်းစစ်ဆေးခံခဲ့ရလေတယ်။ သူဟာ ကိုယ်ပိုင်အကျိုးအမြတ်ရရှိဖို့ တစ်ခြားသူတွေနဲ့ ပူးပေါင်းကြံစည်ခဲ့ပြီး လာဘ်စားမှုတွေအတွက် အပြစ်မကင်းဘူးလို့ ကောလဟာလတွေ ထွက်လာခဲ့တယ်။ မကြာခင်မှာပဲ ရတနာတွေအပြည့်နဲ့သေတ္တာတစ်လုံးကို ဝန်ကြီးရဲ့အိမ်မှာတွေ့ရှိခဲ့ရပြီး သူဟာ တကယ်ပဲအကျင့်ပျက်ခြစားတဲ့ အပြစ်ရှိသူဖြစ်လာခဲ့တယ်။ တစ်ချိန်က ကျောင်းယွမ်[1]တစ်ယောက်ဖြစ်ခဲ့တဲ့သူဟာ ညတွင်းချင်းပဲ ထောင်ကျသွားခဲ့လေတယ်။

နောက်တစ်နှစ် နွေဦးရာသီမရောက်ခင်မှာ ဘုရင်မင်းမြတ်ရဲ့ တော်ဝင်အမိန့်စာရောက်ရှိလာခဲ့တယ်။

အမိန့်စာမှာ ရေးထားတာက ပညာရှိဟာ အရည်အချင်းရှိတဲ့လူတစ်ယောက်ဖြစ်ပေမယ့် အကျင့်စာရိတ္တမကောင်းသူဖြစ်တယ်။ သူကျူးလွန်ခဲ့တဲ့ပြစ်မှုဟာ ခွင့်မလွှတ်နိုင်စရာဖြစ်တာကြောင့် တမလွန်ဘဝကိုပို့ဆောင်ဖို့ အဆိပ်သေရည်တစ်ခွက် ချီးမြှင့်လိုက်တယ်လို့ပဲ ဖြစ်တယ်။

သေဒဏ်စီရင်တဲ့နေ့မှာ နှင်းတွေထူထပ်စွာကျနေခဲ့တယ်။ သူ့ကို အကျဉ်းထောင်ကနေထုတ်ပြီး အလျှံအပယ်ကျွေးမွေးအပြီးမှာတော့ အဆိပ်သေရည်ကို ပို့ဆောင်လာလေတယ်။ ဒီသေရည်က သူအနှစ်သက်ဆုံးဖြစ်တဲ့ အနီရောင်သမီးတော်သေရည်ဖြစ်တယ်။

ပညာရှိဟာ သေရည်ခွက်ကို မယူလိုက်ပြီး အနံ့ခံလိုက်ကာ မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်တယ်။

"ကျွန်တော်က နန်းတွင်းအရာရှိရာထူးနဲ့ မသင့်တော်ဘူးလို့ ကျွန်တော့်ဆရာပြောဖူးတယ်။ ဆရာမှန်တဲ့ပုံပဲ။ ဒါပေမယ့် အရည်အချင်းမရှိတဲ့ ဘုရင်နဲ့ ယုတ်မာတဲ့ မှူးမတ်တွေရဲ့ လွှမ်းမိုးအုပ်ချုပ်မှုအောက်မှာ ကြီးမြတ်တဲ့ရန်ပြည်နယ်ခေတ် အဆုံးသတ်ချိန်ရောက်လာပြီ။"

ပညာရှိက သေရည်ခွက်ကို မော့သောက်လိုက်တဲ့အခါ တရားသူကြီးဟာ ဒေါသပေါက်ကွဲမလိုဖြစ်သွားလေတယ်။ သွေးတွေက သူ့ရဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နဲ့ နားတွေကနေ စိမ့်ထွက်လာပြီး သူက သေဒဏ်ချမှတ်တဲ့နေရာမှာပဲ သေဆုံးသွားတော့တယ်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now