🍒Part 10🍒

776 23 4
                                    

🍒Part 10🍒

🍒CheerFul BitcheS🍒

ကြည်နူးစရာကောင်းတဲ့ညချမ်းလေးမှာပေါ့...
မီးရောင်စုံစုံလင်လင်နဲ့ တစ်စုံတစ်ယောက်ရဲ့ပါတီပွဲ....
လူနည်းသောကြာင့် ဆူညံနေခြင်းမရှိပါ...
သူတို့သည် တစ်နေရာတွင်စုပြီး ခွက်ချင်းတိုက်လိုက်ကြသည်....

"ကမ်းပေ့!!!!!!!"

"Con Con ပါ ဘေဘေးရေ...အသက်ပြည့်သွားတဲ့အတွက် ဝမ်းနည်းစွာဖြင့် ဂုဏ်ပြုပါတယ်"

အရက်ခွက်ကို ဟိုလှည့်ဒီလှည့်လုပ်ရင်း ပျင်းရိနေသောလေသံဖြင့် ဆုသည်းဦးဝင့်က ပြောလိုက်သည် မေသလင်းမြူရဲ့မွေးနေ့ပွဲတွင် တစ်ယောက်သောသူကလွဲ၍ ကျန်သောသူများ လဒမှိုင်မှိုင်နေကြသည်
အခုလည်း အရက်ပုလင်းကြီး တကားကားနှင့် ဟိုလူလိုက်နှုတ်ဆက် ဒီလူလိုက်နှုတ်ဆက်နှင့် အလုပ်ရှုပ်နေသောမေသလင်းမြူအားကြည့်ကာ မောင်းဧသရီ ဆုသည်းဦးဝင့် ရွှေသွင်းဖြူ နတ်သမီးသော်တာမောင်တို့ သက်ပြင်းချလိုက်သည် အသက်မပြည့်သေးဘူး ဆိုပြီး အနိုင်ကျင့်လို့မရတော့တာကြောင့်ဖြစ်သည်

မေသလင်းမြူ-"ဟေ့... ပျော် ပျော်နေကြစမ်းပါ....ငါမွေးနေ့ပါတီလေ!!!"

လေးယောက်-"အင်း....."

မေသလင်းမြူ-"နင်တို့ရုပ်တွေကြည့်ရတာ ကိုယ့်သမီးလေး ယောကျာ်းနောက်ပြေးလိုက်သွားလို့ မှိုင်နေတဲ့ရုပ်တွေနဲ့..."

သော်တာမောင်နှင့်ဆုသည်းဦးဝင့်-"ငါကသားယောကျာ်းလေးဘဲမွေးမှာ!!"

ရွှေသွင်းဖြူနှင့်မောင်းဧသရီ-"သားလေးပဲ မွေးစားမှာ!!!"

ပြိုင်တူအော်လာကြသော အစ်မကြီးလေးယောက်ကြောင့် မေသလင်းမြူနားကိုလက်ဖြင့်ပိတ်လိုက်သည်

မေသလင်းမြူ-"ငါသိတယ်!!!!!"

ရွှေသွင်းဖြူ-"သိရင် ပြီးတာပဲ"

မေသလင်းမြူ-"Cakeခွဲရတော့မယ် လာကြ"

လေးယောက်လုံးကိုမေသလင်းမြူက Cakeရှိရာနေရာသို့ တွန်းပို့လိုက်သည် သုံးထပ်ကိတ်ကြီးအား မေသလင်းမြူ ဓားရှည်နှင့် ခွဲလိုက်တော့ အားလုံးက လက်ခုပ်တီးလိုက်ကြသည် မေသလင်းမြူ ရယ်မောကာ ကိတ်မုန့်ခရင်များနှင့် မောင်းဧသရီတို့အား လိုက်သုတ်သည် လေးယောက်လုံး ပြေးကြရသည်

You've reached the end of published parts.

⏰ Last updated: Apr 06, 2020 ⏰

Add this story to your Library to get notified about new parts!

ChEErfULl BiTcHeS✔Where stories live. Discover now