ZAWGYI
Taehyungနှင့်Jungkookတို့နှစ်ယောက်သားအချိန် အတော်ကြာပြီးခါမှသာ ပြန်လာဖြစ်ကြသည့်အတွက်ကြောင့် ပတ်ဝန်းကျင်မှာလည်း အနည်းငယ်ဆိုသလိုမှောင်ရိပ်သန်းစ ပြုနေပြီဖြစ်သည်။အပြင်ဘက်တွင် လေစိမ်းများတိုက်ခတ်၍ နေသကဲ့သို့ Taehyungနှင့် Jungkook နှစ်ဦးတည်း ရှိနေသည့်ကားအတွင်းမှ လေထုမှာလည်း တစ်ဦးနှင့်တစ်ဦး စကားပြောခြင်းမရှိသည်ကြောင့်လေစိမ်းများတိုက်နေသဖွယ် ဖြစ်နေပါတော့၏။
ကျွီ...
"Hyung ဘာဖြစ်လို့ ကားကိုရပ်လိုက်တာလဲ..."
ထိုစဉ် တိတ်ဆိတ်မှုကိုစတင်ဖြိုခွဲလိုက်သူကJungkook။အကြောင်းရင်းကိုဖန်တီးသူကားTaehyung။ပုံမှန်အတိုင်း မောင်းနှင်လာရင်းနှင့်တစ်နေရာအရောက် ကားကို ရုတ်တရပ် ထိုးရပ်လိုက်သော Taehyungကြောင့် သူတို့ကြားထဲတွင် ရှိနေသည့်တိတ်ဆိတ်နေသော လေထုအား Jungkookမှ စတင်ဖြိုခွဲလိုက်ခြင်းပင်ဖြစ်သည်။
"ငါတို့ ညနေစာလည်း မစားရသေးဘူးလေ...ဒီမှာ တစ်ခုခုဝင်စားရအောင်..."
Taehyungပြောမှ နေ့လည်မှကိစ္စအား Jungkook ပြန်သတိရမိတော့၏။သူ့အား Driver လုပ်ပေးပါမည်ဟု ပြောကာသူနှင့်အတူလိုက်ပါလာသော သူ့hyungငယ်က ယခုအချိန်ထိ နေ့လည်စာပင် မစားရသေးသည်မှာ သေချာ နေပါသည်လေ။ဤအတွက် အားလည်းအားနာမိပါသကဲ့သို့ ကျေးဇူးလည်းတင်မိပါ၏။ထို့ကြောင့်လည်းTaehyung စကားအား လက်ခံလိုက်ကာ နှစ်ယောက်သား အတူတူပင် စားသောက်ဆိုင်ထဲသို့ဝင်သွားလိုက်သည်။
"သားလေးတို့ ဘာစားကြမလဲ..."
"အမဲအူဒွမ်ခေါက်ဆွဲ နှစ်ပွဲပေးပါ..."
သူတို့ထံမှအမှာလာယူသော ဆိုင်ရှင်အဒေါ်ကြီးအား Taehyungဘက်ကသာ သူစားလိုသည့်အရာကို မှာကြားလိုက်၏။
"Hyungက တစ်ယောက်ထဲ နှစ်ပွဲလုံးကုန်လို့လား..."
အဒေါ်ကြီးထွက်သွားမှJungkookက Taehyungကို မေးလာခြင်း။အကောင်သေးသေးလေးနှင့်သူ၏ hyungက ထိုနှစ်ပွဲလုံးအား ကုန်အောင် စားနိုင်ပါသည်လော။အကယ်၍ ပိုသွားခဲ့သ်ာတမင်သက်သက် ဖြုန်းတီးရာ ရောက်သည်လေ။ မည်သို့ပင် ချမ်းသာသူဖြစ်လင့်ကစား ချွေတာသင့်သည့်နေရာ ချွေတာရမည်ဟူသည်မှာ သူ လက်ကိုင်ထား ကျင့်သုံးခဲ့သည့် နည်းစနစ်တစ်ခု။
أنت تقرأ
Fate (Or) Fake? (Completed)
أدب الهواة(Both Zawgyi & Unicode) Which started the beginning of this story; fate or fake? If it's because of fate, how will the goddess lead the story? If not? Written By W ❌Not In English❌