တစ်နေ့သာရဲ့ မနက်ခင်းကို ချစ်ရတဲ့သူနဲ့ အတူရှိချင်ပေမဲ့ မဖြစ်နိုင်ဘူးလေ လက်မှမထပ်ရသေးတာကို ဟီး
ကျွန်တော့နာမည်က ဝမ်ရိပေါ် အသက်က 22ရှိပြီ တက္ကသိုလ်ကျောင်းသားတစ်ဦးပေါ့ ချစ်တဲ့သူဆိုတာက ကျွန်တော့ထက်ခြောက်နှစ်ကြီးတဲ့ ရှောင်းကျန့်ကောလေ ကောနဲ့ချစ်သူဖြစ်တာ ဒီနေ့ဆိုရင် သုံးနှစ်ပြည့်ပြီ ကျွန်တော်တို့ မိဘတွေကနဲ့ ကောမိဘတွေကသူငယ်ချင်းတွေလေ အဲ့ဒီတော့ ကောနဲ့ ငယ်ငယ်ကတည်းက ခင်လာခဲ့တာ ကျွန်တော် အသက် 19နှစ်မှာ ကောက ဖွင့်ပြောခဲ့တယ် ကျွန်တော်ကလည်းချစ်နေတော့ တစ်ခါတည်းအဖြေပေးခဲ့တယ်လေ ကောက ရှောင်ဦးလေးရဲ့ Company မှာ အလုပ်လုပ်နေတာလေ CEOပေါ့ ကဲ စကားပြောကောင်းနေတာ ဒီနေ့ကောနဲ့ ချိန်းထားတယ် ကျွန်တော်သွားပြီAt coffee shop
"ရိပေါ် ကိုယ်ပြောတာ သေချာနားထောင်နော် "
"ဟုတ် ပြောပါကော "
"ကိုယ် ပြောရမှာတော့ အားနာပါတယ် ရိပေါ် ကိုယ်တို့ လမ်းခွဲရအောင် "
အမှန်ဆို ရိပေါ်ထင်ထားတာ three years anniversary ဆိုတော့ လျှောက်လည်ပြီး တဝကြီးပျော်ရမယ်ပေါ့ အခုတော့ ဘာလဲ လမ်းခွဲမယ် ဘာလို့လဲ ရိပေါ် မျက်ဝန်းတွေက ဝမ်းနည်းရိပ်သန်းပြီး မျက်ရည်ဝိုင်းနေပေမဲ့ မငိုခဲဘူး ဟုတ်တယ် ရိပေါ်က ဘယ်သူ့ရှေ့မှာမှ မျက်နှာမကျဘူး အရမ်းကို ငိုချင်နေတယ်ဆိုရင်တောင် မျက်ရည်မကျအောင် တင်းခံထားတတ်တယ်
"အကြောင်းပြချက်က ဘာလဲ " ရှောင်းကျန့်သာသေချာနားထောင်ရင် ရိပေါ် အသံတုန်နေတာ သတိထားမိမှာပါ ဒါပေမဲ့ ကျန့်ကော မျက်နှာက တည်ငြိမ်နေတယ်
" ကော အိမ်က ကောကို မိန်းမပေးစားနေပြီ အဲ့ဒီကောင်မလေးနဲ့လည်း တွေ့ပြီးပြီ ကောသဘောကျတယ် ပြီးတော့ ရိပေါ်နဲ့လည်း အိမ်က သဘောမတူဘူးလေ ကောတို့ မျိုးဆက်အတွက်လည်း အဆင်မပြေဘူးလေ "
"Aww "
ရိပေါ် ဘာမှကို မပြောနိုင်တော့ဘူး ကောင်မလေးတွေ့နေပြီ မျိုးဆက်အတွက်လည်းအဆင်မပြေဘူး ဟုတ်ပြီ
" လမ်းခွဲမယ် ဟုတ်ပြီ လမ်းခွဲကြတာပေါ့ "
ကျွန်တော့ စကားအဆုံးမှာဘဲ ရှောင်းကျန့်ကထွက်သွားတယ်