ဇော်ကြီး

532 22 28
                                    

<< ၁ >>
TV channel တိုင်းက တညီတညွတ်ထဲ တိုက်ရိုက်လွှင့်နေတဲ့ ရုပ်ရှင်ပိုင်းဆိုင်ရာ ထူးချွန်ဆုပေးပွဲ။ တဖွဲဖွဲရောက်လာတဲ့အနုပညာရှင်တွေကြားမှာ "ရွှေသိုက်" ဆိုတဲ့နာမည်ကြားတာနဲ့ ပြူတင်းပေါက်အပြင်ကိုငေးနေတဲ့ "နောင်ချို" ကမန်းကတမ်း လှည့်ကြည့်လိုက်တယ်။ ပြီးတော့ အားမရစွာဘဲ Wheel Chair ကိုပါ TV နားကို တွန်းသွားလိုက်တဲ့အချိန်မှာ ညပ်မိပြီးသွေးထွက်သွားတဲ့ လက်ချောင်းက အနာကိုတောင် သတိမထားမိတော့။

နိုင်ငံကျော် သရုပ်ဆောင်မင်းသား "ရွှေသိုက်"
အားနည်းချက်နဲ့တောင် အောင်မြင်အောင်ကြိုးစားနိုင်ခဲ့တဲ့ "ရွှေသိုက်"
စီနီယာ ဂျူနီယာတိုင်း လေးစားအတုယူရတဲ့ "ရွှေသိုက်"
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မင်းအတွက် ဂုဏ်ယူပါတယ် ငါ့ရဲ့မင်းသားရယ်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

"ဒီဆုကို ကျွန်တော် လက်ခံရခဲ့တဲ့အတွက် ကျေးဇူးတင်ထိုက်သူတွေအားလုံးကို ကျေးဇူးတင်ဂါရဝ ပြုပါတယ်။
အထူးသဖြင့် ဒီလောကထဲက အနားယူသွားတဲ့ ကျွန်တော့်သူငယ်ချင်း နောင်ချိုကို ကျေးဇူးတင်စကားလေးပြောချင်လို့ပါ။
ငါ့ကိုအားအင်တွေပေးခဲ့တဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ နောင်ချို။ မင်းအဆင်ပြေဖို့ ငါဆုတောင်းပါတယ်"

ဆုလက်ခံယူရင်းပြောလာတဲ့ ရွှေသိုက်ရဲ့ စကားတွေဟာ တခြားသူတွေအတွက်တော့ သူငယ်ချင်းအတွက် ပုံမှန်ကျေးဇူးတင်စကားလို့ ထင်ရပေမယ့် နောင်ချို့လိုအပြစ်သားအတွက်တော့ အမိန့်ပြန်တမ်းတစ်ခုလို ကြောက်စရာကောင်းနေတယ်။

စကားအဆုံးမှာ လှစ်ခနဲပြုံးလိုက်တဲ့ ရွှေသိုက်ရဲ့ အပြုံးဟာ တခြားသူတွေအတွက်တော့ ရင်ခုန်တိမ်းမူးစရာဖြစ်ပေမယ့် အမူအရာတိုင်းကို နှလုံးသားနဲ့ မှတ်မိနေတဲ့ နောင်ချို့အတွက်တော့ နာကျင်ထိတ်လန့်စရာကောင်းနေတယ်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ငါ့ကို မမုန်းပါနဲ့တော့။
အဲ့ဒီအစား ကျေးဇူးပြုပြီးမေ့လိုက်ပါ။
မင်းဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပေးပါ။
မင်းအစား ငါက သတိရနေပေးမှာမို့လို့။
ဆက်နာကျင်ပေးမှာမို့လို့။
ဆက်ချစ်နေမှာမို့လို့။

သို့...အတိတ်Where stories live. Discover now