Atar part 8

403 26 0
                                    

Atar part8

အတာကားအမြန်ဌားကာဘားကိုအမြန်ဆုံးလာ
ခဲ့သည်
စိတ်ထဲတွင်ဘာမှမဖြစ်ပါနဲ့ဟုဆုတောင်းရင်း
ဒီဘားသည်သူလာနေကျနေရာဖြစ်သည်
ဒီဆိုင်မှဝန်ထမ်းအားလုံးနီးပါးနဲ့သူခင်သည်
ဒါကြောင့်ကိုကိုဒီရောက်နေသည်ကိုဝန်ထမ်းကောင်လေးများကအကြောင်းကြားခြင်းဖြစ်သည်

ဒီဘားကိုလာတိုင်းမိမိပြောဖြစ်သည့်အကြောင်း
အရာများကတော့ကိုကိုအကြောင်းတွေပင်ဖြစ်သည်
မူးလာသည်နှင့်ကိုကိုအကြောင်းကိုနှုတ်ကချမတက်ပြောတက်လို့ဆိုင်ကကောင်လေးတွေပါသိနေပြီဖြစ်သည်
ဒီဘားသည်သူဌေးအများစုအပန်းဖြေရာတစ်ခုဖြစ်သည့်အပြင်
ဘားနှင့်တွဲရပ်ဟော်တယ်ပါတွဲဖွင့်ထားသည်

လုပ်ငန်းပိုင်ရှင်အများစုကဒီဘားသို့လာလှင်မိန်းကလေးအငယ်အနှောင်းများပါခေါ်လာတက်ကြသည်
ဒီဆိုင်သည်အမေလာနေကျဆိုင်ထဲမှတစ်ဆိုင်ဖြစ်သည်
အမေမြန်မာပြည်ပြန်လာတိုင်းဒီဆိုင်သို့လာကာ
ပိုကာဆွဲနေကျဖြစ်သည်

"သူဘယ်မှာလဲ"

ဝန်ထမ်းကောင်လေးကအခန်းနံပါတ်ကိုညွန်ပြလိုက်သည်နှင့်အတာထိုအခန်းသို့ဒုန်းဆိုင်းပြေး
လာခဲ့သည်
ပါလာသောသော့အပိုဖြင့်ဖွင့်ကာမြင်လိုက်ရသည်မြင်ကွင်းဟာအတာရဲ့ဒေါသများကို
အထွတ်အထိပ်ထိမြင့်တက်သွားစေသည်

မိန်းကလေးတစ်ယောက်
ဝတ်ထားသည်မှာလည်း ရင်အတော်ဟိုက်ကာ
ပေါင်ဝက်လောက်တိုသောအကျီကိုဝတ်ထားသည်
ဆေးဆိုးပန်းရိုက်မျက်နာဟာအတာ့အတွက်ရွံစရာကောင်းလှသည်
ကိုကိုအကျီကြယ်သီးတစ်ဝက်နီးပါးကိုဖြုတ်ထားသည်

"မင်းအခုထွက်သွား"

"ဟိုကျွန်မ"

"ငါသိတယ်မင်းကိုဘယ်သူခိုင်းလဲဆိုတာ"

"ကျွန်မတောင်းပန်ပါတယ်"

အတာနံရံကိုလက်သီးဖြင့်ထိုးမိသည်
ဘုန်းမြတ်ကိုခေါ်ထုတ်လာပါသူ့တိုက်ခန်းကိုသာ
ပြန်လာခဲ့သည်

"အမေဒါဘာလုပ်တာလဲ"

"ငါဘာလုပ်နေလို့လဲ"

"ဘာလို့သူ့ဘဝကိုလိုက်ဖျက်ဆီးနေတာလဲ
ဘာလဲအမွေကြောင့်ဘဲလား
အမေအဲ့အမွေတွေရတော့ပျော်မှာလားပြောလေ
အမေပျော်မယ်ဆိုကျွန်တော်လွဲပေးမယ်
အဲ့အတွက်အမေပြန်လုပ်ပေးရမှာကကိုကို့ကိုနှောက်မယှက်ပါနဲ့တော့"

Atar Where stories live. Discover now