နွေဦးရာသီ နေထွက်ချိန် ပေကျင်းမြို့ရဲ့ အလှတရားကတော့ စာဖွဲ့လို့မရလောက်အောင် လှပနေသည်။ ရှောင်ကျန့် သည်သူ၏အခန်းထဲက ကားချပ်အလွတ် တစ်ခုကို ဆွဲယူလိုက်သည်။ ညက ဆွဲထားပြီးသား မြို့ပြ၏ည အလှတို့သည် ရှောင်ကျန့်၏စုတ်ချက်တွေကြောင့် ရင်သပ်ရှုမောဖွယ်ရာ ပန်းချီကားချပ်လေးအဖြစ် တည်ရှိနေသည်။ ထိုကားချပ်လေးကို ဘေးသို့ချ ကားချပ်အလွတ်ပေါ်တွင် နေမင်းကြီး၏တောင်ပမှုနှင့် အလင်းရောင် ဖြာထွက်နေပုံတို့ကိုရေးဆွဲလိုက်သည်။ အဖြူရောင်တိမ်စိုင်တို့ အလည်မရောက်ခင် ကြည်ပြာသော ကောင်းကင်ယံတို့သည် နေ့အလင်းရောင်နှင့်အတူ လှပနေသော မြို့ပြလေးတစ်ခုဖြစ်လာသည်။ ရှောင်ကျန့်သည်သဘာဝအလှ၏ စုတ်ချက်များကို ကျွမ်းကျင်ပိုင်နိုင်စွာရေးဆွဲသည်။ ၁နာရီ နှင့် မိနစ်၃၀အကြာ ပန်းချီကားချပ်လေးတစ်ခု အဆုံးသတ်ခဲ့ပြန်သည်။ညာဘက်ထောင့် စွန်းတွင် ရှောင်ကျန့် ဆိုသည့် ခပ်စောင်းစောင်း လက်မှတ်လေးတစ်ခု နေရာယူသွားသည်။
ည အလှနှင့် နေ့အလှ ပန်းချီးကားချပ်နှစ်ခုစလုံးကို ထုတ်ပိုးလိုက်သည်။ သူရောင်းနေကျ ပေကျင်းမြို့ထဲ ဆိုင်လေးသို့ ထွက်လာခဲ့သည်။"အရမ်း မိုက်တယ် ကြိုက်တယ် ရှောင်ကျန့်
သည်နှစ်ချပ်လုံးကို အစုံလိုက်ရောင်းမယ်။ ""သဘောပါပဲ လောင်ပိုင်(သူဌေး) ကျနော်က ရှုထောင့်တစ်ခုထဲကနေပဲ နှစ်ခုလုံးကို ဆွဲထားတာ
နေ့နဲ့ညနဲ့သာကွာတာ ပုံကတော့ အတူတူပဲ။""ဒီပုံတူ ၂ခုရဖို့ မင်းတညလုံးမအိပ်ရသေးဘူးမလား
ရှောင်ကျန့်""တကယ်ပဲ ဗျာ
မအိပ်ရသေးဘူး
အဲ့လိုမျိုးလေး အရမ်းဆွဲချင် နေခဲ့တာ
Ideaရတာနဲ့ကို
ချက်ချင်းပဲ ကောက်ဆွဲမိပါရော""ကြိုးစားတာကောင်းတယ် ရှောင်ကျန့်
ဒါမယ့်ကျန်းမာရေးအတွက်တော့မကောင်းဘူးနော်
သွား!! အိမ်ပြန်နားတော့
ရော့ ဒီမှာမင်းအတွက်
ပုံဆွဲခ ရောင်းထွက်ရင် အမြတ်ငွေတစ်ဝက်ကို
ငါ ခေါ်ပေးမယ်""Thank you လောင်ပိုင်"
"မလိုပါဘူး ကွာ ငါ့မှာ မင်းလိုလူမျိုးရှိလို့ အသက်ရှူချောင်နေရတာ
ဒီဆိုင်မှာမင်း ပန်းချီ ကားချပ်က
ရောင်းအားအကောင်းဆုံးပဲ။
အားနာပေမယ့် ကွာ
အချိန်ရရင် များများသာပိုဆွဲပေး ဟဲဟဲ"
YOU ARE READING
Beijing Love Story
FanfictionBeijing Love story or You are my Destiny 🌻 Love is memory. Love is power. Our memorise are not ended. အထီးကျန်ဆန်နေခဲ့သော တစ်ကောင်ကြွက်ဆိုတဲ့ ရှောင်ကျန့်ဘဝထဲ ရိပေါ် ရောက်လာခဲ့တယ်။ ဘဝမှာ သူ ချစ်ခင်တွယ်တာရတဲ့ သူဟာ ရိပေါ်တစ်ယောက်တည်းသာရှိခဲ့တယ်။ ငယ်စ...