"Aim Saint ရော Paw တို့ ဒီနေ့ အပြင်ထွက်ကြမယ် Mae ထမင်းတွေပြင်နေတယ် ကူလုပ်ပေးလိုက်ဦး Lily က saint ကို သွားနိုးလိုက်နော် "
Paw က ကားအတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေပြီး မှာနေတော့ Lily က ဆူပုတ်ပြီး ကြောက် ဟြတ်တစ်လုံးတည်းသာပြောနိုင်တော့သည်။
"ဟုတ် Pow"
Aim ကိုဆွဲခေါ်လာပြီး Lily ပြာများနေရပြီ တကယ် ကြောက်လည်းကြောက်နှင့်
"Ahhh နင်သွားလိုက်ပါဟာ အဲ့ကပ္ပလီ အဖိုးကြီး Saint ကိုရိုက်နေပြီလားမသိဘူး"
"နင်လိုက်ခဲ့လေ အဲ့ ကပ္ပလီအဖိုးကြီးက ငါ့ကိုရိုက်ရင်ဘယ်လိုလုပ်မလဲ ငါကြောက်တယ် အီးဟီး....အဲ့သရက်သီးနင်မစားချင်ရင် အခုလိုဖြစ်မှာမဟုတ်ဘူး ငါမသွားရဲဘူး"
Lily ကချက်ချင်းငိုချလိုက်တော့ Aim လည်းချင်ချင်း သူသွားမယ်ဆိုပြီးချော့ပြောကာ ထားခဲ့ပြီး ထသွားရတော့သည်။
"ငါသွားလိုက်မယ် အေး ငါ့ကြောင့်ဆိုတော့ ငါပဲသွားလိုက်မယ် နင် Mae ကို ကူလုပ်ပေးလိုက်နော်"
ကုတ်ကုတ် ကုတ်ကုတ် နှင့် ခြံဝမှာ ဟိုချောင်း ဒီချောင်းနှင့် Aim မှာ မဝင်ရဲ ခြံစောင့်ဘဘကိုတွေ့တော့မှ
"ဘဘ သမီး ကိုတံခါးဖွင့်ပေးပါဦး ဒီအိမ်ကိုလေ Saint ရောက်နေလို့ လာခေါ်တာပါ"
"သြော် ဟို သစ်ပင်ပေါ်ကပြုတ်ကျတဲ့ကလေးလား"
"ဟမ် သစ်ပင်ပေါ်က ပြုတ်ကျတယ်ဟုတ်လား သေသွားပြီလားဟင် ဘဘ"
"မသေပါဘူး မြေးလေးရယ် အေး မြေးတို့ဆို သခင်လေးက ဝင်ခွင့်ပေးဖို့ပြောထားတယ်"
"ဟုတ် ဘဘ"
အိမ်ထဲရောက်သွားတော့ သူတို့အိမ်ထက်ကြီးနေတာကြောင့် Aim ငေးနေရသည်။ဧည့်ခန်းမှာသန့်ရှင်းရေးလုပ်နေကြတဲ့ အိမ်အကူတွေ ကိုမေးပြီး ထမင်းစားခန်းထဲဝင်လာခဲ့သည်။Aim ကိုမြင်တော့ Saint က လှမ်းခေါ်ပြီး ရှုံဘတွတွဖြင့်
"Aim...."
Saint ငိုထားတဲ့မျက်နှာ ကြောင့် Aim လန့်သွားရသည်။သူပါအရိုက်ခံရတော့မှာလား ။
"နင့်ကို ကပ္ပလီ အဖိုးကြီး ရိုက်ထားတာလားဟင်"
"ငါ့ကိုများ ကပ္ပလီအဖိုးကြီးတဲ့ အခုမှ မင်းတို့ကို အတည်ရိုက်မှာ....လာစမ်း"
ESTÁS LEYENDO
ချွဲစိန် ရစ်လုံး{ Z&U}(Complete)
Fanfic"ကလေး ဆိုလည်းချစ်မှာပဲ ကလေးရစ်လဲခံမှာပဲ ကလေး ဘယ်လိုနေနေချစ်မှာပဲ" "ဦးက ကလေး ရစ်တယ်ပြောချင်တာလား ကလေး ကဆိုးတယ်ဆိုပြီးသတ်မှတ်ထားတယ်ပေါ့" 🖤PerthSaint♥