(၅)
သူ ခပ်စွာစွာမတုန့်ပြန်၍ ကျွန်တော်အံအားသင့်မိသည်။ ကြည့်ကောင်းကောင်းနှင့်များကြည့်နေလေ သလား။ ခံစားမှုကထူးခြားနေသည်မို့ အလိုက်သင့်မျောပါနေလေသလားမသိတော့ပါ။ ကျွန်တော်တို့ အ တန်ကြာစိုက်ကြည့်ခဲ့သည်ကတော့ အသေအချာသာဖြစ်လေတော့သည်။
"ဂွတ်နိုက်ဗျာ အိပ်တော့မယ်"
သူကျောခိုင်းသွားသည်။
ကုတင်က နှစ်ယောက်အိပ်ကုတင်ဆိုသော်လည်း ကျယ်လှသည်မို့ တစ်ယောက်နှင့်တစ်ယောက်အနား ကပ်၍အိပ်ရသည်မဟုတ်။
"ဆောရီးပါ အစ်ကိုရာ၊ မနေ့ညကမှ တွေ့ဖူးတာ ဒီနေ့ကျတော့ ကျွန်တော်စတာနောက်တာနည်းနည်း များသွားရင်တောင်းပန်ပါတယ်၊ အမိုက်အမဲလေးကိုခွင့်လွှတ်ပါ၊ အစ်ကိုကခင်ဖို့ကောင်းပါတယ်၊ နောက် နေ့လည်းစမယ်နော်၊ အိပ်မက်လှလှမက်ပါစေဗျာ"
သူ ကျွန်တော့်ဘက်ကိုကျောခိုင်းသွားသော်လည်း သူရှိရာဘက်ကိုခပ်တိုးတိုးလေးပြောလိုက်သည်။ သူ ကောင်းကောင်းကြားနိုင်ပါရဲ့။ ထို့နောက်တွင်တော့ သူ့ကိုကျောခိုင်းကာ ကျွန်တော်လည်းအိပ်စက်လိုက် မိသည်။
ညတစ်ရေးနိုးလာသည့်အခါ ရေထသောက်တော့ တစ်နေရာရာကိုစိုက်ငေးကြည့်ကာ အိပ်မပျော်နိုင်သည့် သူ့ကို အမှောင်ထဲ၌တွေ့လိုက်ရလေသည်။ သူအိပ်မပျော်ဘူးဟုထင်သည်။ ကျွန်တော်အိပ်စက်နေသည့် တစ်ချိန်လုံးများဟိုတွေးဒီတွေးလုပ်နေသည်လား။
"ဟာ အစ်ကို"
အခန်းကမီးပိတ်ထားသော်လည်း ရေချိုးခန်းအိမ်သာတံခါးကမီးဖွင့်ထားခဲ့သည်မို့ ထိုအလင်းရောင်ဖြင့် အခန်းတွင်းရှိအရာဝတ္ထုများအားလုံးကို အတိုင်းသားမြင်ရလေသည်။ ထိုအထဲတွင် သူ့မျက်လုံးမှေးမှေး မှ အရောင်များလည်းတောက်ပလျှက်ရှိနေ၏။
သူမျက်ရည်များစို့ရွှဲနေလေပြီ။
"အိပ်မပျော်ဘူးလား"
"တစ်ရေးနိုးတာပါ"
လေးနှစ်ကြာသံယောဇဉ်အတွက် သူမျက်ရည်ဝဲနေသည်မှာမဆန်းပါ။
BẠN ĐANG ĐỌC
ညီ ဖန်တီးသော Love Story
Lãng mạnအစ်ကိုနဲ့အတူ နှစ်ယောက်တည်းကမ္ဘာတည်ဆောက်ချင်လို့ အချစ်ပုံပြင်ကို ညီ ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ အဲဒီ Love Story ထဲမှာ....