LD-P26|ပထမဆုံးမိသားစုနေ့လည်စာဝိုင်းလေး [Edited Version]

7.2K 552 12
                                    

#unicode

အခန်း(၂၆)| ပထမဆုံးမိသားစုနေ့လည်စာဝိုင်းလေး

...ခင်ဗျားသာ ကျွန်တော့်ကိုမထားခဲ့ရင်... ခင်ဗျားအမေသာ ကျွန်တော့်ကို သတ်ဖို့မခိုင်းခဲ့ရင်... ကျွန်တော်တို့မိသားစု‌လေး စုံစုံလင်လင်နဲ့ အေးအေးချမ်းချမ်းရှိနေလောက်မှာ...

***

လေးနှစ်နီးနီးကြာပြီးနောက်မှာ ပြန်လည်တွေ့ဆုံခြင်းက အရမ်းကိုစိမ်းသက်နေခဲ့သည်။ နှစ်ယောက်ကြားမှာရှိတဲ့ လေထုကလည်း အေးစက်စက်။ ယခုလက်ရှိမှာ idolတစ်ယောက်အဖြစ်နဲ့ရပ်တည်နေပြီဖြစ်တဲ့နှစ်ဆယ်ကျော်လေးနှစ်ပတ်လည်ကောင်လေးမှာ ခါးသီးမှု‌၊ သစ္စာဖောက်ခံရခြင်းကြောင့် မုန်းတီးမှုတို့နဲ့ပြည့်နှက်နေသလို၊ အနောက်တိုင်းဝတ်စုံအပြည့်နဲ့ CEOမှာတော့ အတိတ်ကသိကျွမ်းမှုတို့ဟာပျောက်ရှနေလျက်ပေ။

'ဒီလူက ဘာလာလုပ်တာလဲ... အေဂျင်စီအထိတောင်လာတယ်ဆိုတော့ ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်လောက်ဘူး...ဘာပဲဖြစ်ဖြစ် အခုချိန်မှာ သူနဲ့ငါက ဘာမှ မှမဆိုင်တော့တာဘဲ...! အတတ်နိုင်ဆုံး မသိခဲ့တဲ့လူတစ်ယောက်လို ဆက်ဆံ‌ပြောဆိုရမယ်...'

တိတ်ဆိတ်ခြင်း‌လေထုကို ရိပေါ်ကပဲဖြိုခွင်းလိုက်ကာ...!

"ဘာကိစ္စများရှိလို့ပါလဲ စီအီးအိုရှောင်း"

မျက်မှောင်ကျုံ့နေရာကနေ အနည်းငယ်ဖြေလျော့ပြီး နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်ကို လေးတစ်စင်းနှယ်ကွေးညွှတ်လိုက်ကာ အပြုံးတုတစ်ခုကိုဖန်ဆင်းလိုက်တဲ့ရိပေါ်။ အခုမှတွေ့ဖူးတဲ့အလုပ်ရှင်တစ်ယောက်အဖြစ်သဘောထားကာ တတ်နိုင်သမျှ စကားကို သကြားရောကာဖြင့်။

စီအီးအိုရှောင်းလို့အခေါ်ခံလိုက်ရတာကြောင့် ရှောင်းကျန့်စိတ်ထဲ နည်းနည်းတော့ ဘ၀င်မကျလှ။ ကွန့်မြူးခဲ့တဲ့မျက်နှာလေးဟာ မဆိုစလောက်လေး မှိန်လျော့သွား၏။

"ကိုယ်တို့ အရင်ထိုင်ရအောင်လား?"

အခုထိ မတ်တပ်ပဲရှိနေကာ ကောင်လေးကလည်း အခုပဲထွက်သွားတော့မယ့်လူလို...ထိုင်ပြီးအေးဆေးပြောမည့်ပုံလည်းမပေါက်။ ဒါကြောင့် ကိုယ်ကပဲ အရင်စလိုက်ရတယ်။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Tahanan ng mga kuwento. Tumuklas ngayon