"အော်.. အဲ့ဒီ့ဆရာဝန်လေးက ကော်ဖီဆိုင်ပိုင်ရှင်လေးမလား "
စေတနာ့ဆေးဝန်ထမ်းတွေ အားလုံးကို ဆေးခန်းရဲ့အခြေအနေ၊ လည်ပတ်ပုံ နဲ့ သူတို့အတွက် ပြင်ဆင်ထားတဲ့ အိပ်ယာအိပ်ခင်း နေရာတွေအထိ လိုက်လံရှင်းပြပေးနေတဲ့ Jackson ကြောင့် အားလပ်နေတဲ့ ရှောင်းကျန့်က ဆရာဝန်စာရင်းစာရွက်ကို ဖတ်ရင်း မှတ်ချက်ပြုလိုက်တော့ ဂျွန်မြောင့်ကို အဝေးက ငေးကြည့်ပြီး ငြိမ်နေခဲ့တဲ့ ကျန်းရီရှင်းက ရှောင်းကျန့်ရဲ့ ပုခုံးကို မသိမသာတိုက်ပြီး သတိပေးတယ်၊
" မင်း! သူ့ကိုအနိုင်မကျင့်နဲ့နော်.. "
" ဘယ်သူ့ကို .. "
" Zhang Jun Myeon "
ရီရှင်းက မျက်ရိပ်ပြတော့ ဘောပင်အဖုံးကိုကိုက်ဖွင့်ပြီး ဂျွန်မြောင့်နာမည်ဘေးမှာ အမှတ်အသားပြုနေရင်းကနေ ရှောင်းကျန့်က ဒေါက်တာလေးကို လှမ်းအကဲခတ်တယ်၊Wang Jackson ရှင်းပြသမျှကို ဂရုတစိုက် နားထောင်နေပုံရတဲ့ လူချောလေးက ချောမောနုဖတ်ပြီး မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ဖြစ်တယ်၊ သူ နားမလည်၊မသိလိုက်တဲ့ အရာလေးတွေများ Jackson ကို ပြန်မေးရင် နှုတ်ခမ်းလေးကို ထော်ကာထော်ကာနဲ့ စကားပြောတတ်တာက ချစ်စဖွယ်အကျင့်လေးထင်ပါရဲ့၊ ချစ်သူအရွေးတော်လွန်းတဲ့ ကျန်းရီရှင်းကြောင့် ရှောင်းကျန့်က ခေါင်းကိုဆတ်ပြရင်း ဘောပင်အဖုံးကို ပြန်ပိတ်လိုက်တယ်..။
" အားယား.. နို့ခဲလေးကျနေတာပဲ "
" အဲ့တာမို့ ငါ့အသည်းအသက်ကို စိတ်ညစ်အောင်မလုပ်ဖို့သတိပေးနေတာ ၊ အချစ်လေးက ဂွမ်းစလေးထက် အဆတစ်ရာ နူးညံ့တယ်.. ကြားလား!"
"အေးပါဟ၊ မင်းပြောနေတဲ့ ပုံစံက ငါက လူဆိုးကြီးကျနေ "
သူ့ပုခုံးကို တဘတ်ဘတ်ပုတ်ရင်း ဗီလိင်ဇာတ် လာသွင်းနေတဲ့ အပြောအဆိုကြောင့် မျက်နှာမဲ့သွားတဲ့ ရှောင်းကျန့်က လက်ထဲက ဖိုင်တွဲနဲ့ ကျန်းရီရှင်းရဲ့ လက်မောင်းကို ဖြန်းခနဲ ရိုက်ချလိုက်ရင်း ပြန်ပြောတယ်၊ သူတို့ဆီက အသံကျယ်သွားတာမို့ လှည့်ကြည့်လာတဲ့ ဂျွန်မြောင့်ရဲ့ မျက်လုံးဝိုင်းဝိုင်းလေးကိုတော့ ဘယ်သူမှ သတိမထားမိသွား..၊ သူတို့က တစ်ယောက်နဲ့ တစ်ယောက် ရိုက်ပုတ်ဖို့ပဲ အာရုံရနေတာကိုး..။
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...