part9-love==love....

894 78 5
                                    

(Zawgyi)

Korea ရောက်တာငါးရက်တောင်ရှိနေပြီ။ ဒီကြားထဲ ရိပေါ် က သူ့ကို လုံးဝဖုန်းမဆက်။ သူ့ကိုအချိန်သေချာပေးထားပုံပေါ်သည်။

"ရှောင်းကျန့် ဒီနေ့မသွားရဘူးလား"

ကျန်းချန်က suit အပြည့်နဲ့ ဟိုတယ်မှန်နံရံ ရှေ့ ရပ်ရင်း ဆိုလ်း ရှုခင်းကိုကြည့်နေတဲ့သူ့ကို လှမ်းမေးတယ်။

မြင်နေရတဲ့ရှုခင်းကသိပ်လှတာပဲ။မနက်ခင်းထွက်လာတဲ့နေရောင်ခြည်အောက်မှာလှိုင်းကြက်ခွပ်လေးထနေတဲ့မြစ်ရေပြင်ကလည်းသိပ်လှတယ်။မြစ်ကမ်းနံဘေးမှာလေ့ကျင့်ခန်းလုပ်နေတဲ့သူတွေ၊ပြေးနေတဲ့သူတွေ sakura တွေတစ်ပင်လုံးပွင့်နေတဲ့ အပင်တွေနဲ့ဆိုလ်းဟာသိပ်လှတယ်။ချစ်ရသူနဲ့
ကော်ဖီတစ်ခွက်စီကိုင်ရင်းရှုခင်းကြည့်ပြီးစကား
ပြောရရင် သိပ်ကောင်းမှာပဲ။ သူ့မှာမဆီမဆိုင် ရိပေါ် ကိုသွားတွေးနေမိသေးတာ။

"အင်း...ငါနေ့ခင်းမှ design အချောသတ်ဖို့ကိစ္စ လုပ်ပေးခဲ့ရုံပဲ၊သူတို့ဘက်ကခေါင်းဆောင်နဲ့ပဲတွေ့ရတော့မှာ၊ ဟိုတယ်လာခဲ့မယ်ပြောတယ်၊ မင်းကရော"

"ငါတို့လည်း ဒီနေ့လက်စသတ်မှာ၊ ညနေကျရင် လျှောက်လည်ရအောင်၊ငါတို့ရောက်ကတည်းကသေချာတောင်စကားမပြောရသေးဘူး၊ မင်းလည်းငါ့ကို ပြောစရာစကားရှိမယ်ထင်တယ်၊ မင်းကိုကြည့်နေတာ အလုပ်လုပ်ပြီးသွားတာနဲ့ တစ်ခုခုကိုပဲ တွေးနေတယ်"

"အင်း...ညနေလောက်ကျ သွားမယ်လေ၊ ဆိုးလ်မှာ ညရှုခင်းကြည့်ရအောင်"

"Ok, ငါသွားပြီနော်...."

"ဝါး...ဆိုလ်းကလေကလတ်ဆတ်လိုက်တာ၊ မြစ်ကမ်းဘေးမို့လားမသိဘူး"

ညစာစားပြီးမြစ်ကမ်းဘေးလမ်းလျှောက်လာခြင်း
ဖြစ်တယ်။

"ဟုတ်တယ်.. ပင်ပန်းထားသမျှ ခုမှပေါ့ပါးသွားသလိုပဲ"

"ရှောင်းကျန့်..မင်းငါ့ကို ပြောစရာရှိတယ်မလား၊ တစ်ချို့ကိစ္စတွေကတစ်ယောက်တည်းဆိုအဖြေရှာရသိပ်ခက်တယ်၊အခြားလူကိုပြောလိုက်မှအဖြေရှာတွေ့တာမျိုး"

"မင်းကဘာကိုဆိုလိုချင်တာလဲ"

"အမှန်တိုင်းပြောရရင် ဝမ်ရိပေါ် ငါ့ဆီ
နေ့တိုင်းဖုန်းဆက်တယ်၊မင်းအဆင်ပြေရဲ့လား၊
ထမင်းရောပုံမှန်စားရဲ့လား၊မင်းရဲ့အခြေအနေက
ရောဘယ်လိုလဲ၊ကိုယ်တိုင်ဆက်ဖို့ပြောတော့ မင်းအတွက် အချိန်ပေးချင်လို့ မဆက်တာပြောတယ်"

I Wanna Grow Old With YouWhere stories live. Discover now