No.4 Challenge

1.1K 124 16
                                    

""""""""""""""""""""

ဆေးရုံကုတင်ထက်အိပ်ပျော်နေတဲ့
ကောင်ငယ်လေးက
သတိမရတစ်ချက်ရတစ်ချက်..

မေမေနဲ့တွေ့ပြီးတဲ့နေ့ထဲက
သတိလစ်သွားခဲ့တဲ့ကလေးဟာ
အပြင်းဖျားပြီးဆေးရုံတင်ရသည်အထိ

၄၈နာရီကျော်ခဲ့သည့်တိုင် ကယောင်ကတမ်း ပြောဆိုတာကလွဲပြီး
ကြည်ကြည်လင်လင်နိုးမလာခဲ့တာမို့
သူအပါအဝင် Gun ရောPhi Offပါ
မနေမနားစောင့်ကြည့်နေခဲ့ကြသည်..

!! ကျွန်တော်မဟုတ်ဘူး.. !!

ထိုတစ်ခွန်းထဲကိုသာ ယောင်ယမ်းရေရွတ်
နေတဲ့နူတ်ခမ်းပါးဖျော့ဖျော့...
ဖြူဖျော့နေတဲ့လက်သည်းလေးတွေ...
လက်ဖဝါးအိထွေးထွေးလေးကို
လက်နှစ်ဖက်ထဲထည့်ဆုပ်ထားရင်း
သတိရလာဖို့သာဆုတောင်းနေမိခဲ့တယ်...

"ဘယ်လိုနေသေးလဲ...Phi Sing..''

ဆေးရုံခန်းထဲဝင်လာတဲ့ Gun က
လက်ထဲကစားသောက်စရာတွေကို
ဗီရိုပေါ်တင်လိုက်ပြီး မေးလိုက်တယ်..

" သူနိုးမလာသေးဘူး...''

အဖျားကျသွားပြီဖြစ်ပေမယ့် နိုးမလာသေးဘူး..

လူနာကစိတ်ပိုင်းဆိုင်ရာ ထိခိုက်ထားမှု
ရှိနေလို့ မနိုးလာသေး
တာပါ...ဆိုတဲ့ ဆရာဝန်ရဲ့စကားကြောင့်
ဒီလိုအဖြစ်တွေကိုဖြစ်စေတဲ့သူကို
သွားသတ်မိချင်သည်အထိ...

"Phi Sing အိမ်ပြန်လိုက်ပါဦးလား..
Kit ကိုကျွန်တော်ကြည့်ထားပေးပါ့မယ်..''

Gun က Kit ရှိနေတဲ့ကုတင်ပေါ်
တင်ပလွဲဝင်ထိုင်လိုက်ပြီး
ပြောလိုက်တယ်...

အလုပ်ကိုသွားတဲ့အချိန်ကလွဲပြီး
ကျန်သည့်အချိန်ကို Kit နားမှာပဲ
ထိုင်စောင့်နေခဲ့သည်မို့ ညှင်းသိုးသိုး
ဖြစ်နေတဲ့ Phi Sing...

အဖြစ်အပျက်တွေကိုလည်းစုံလင်စွာ
သိခဲ့ရပြီး ခုထိမငြိမ်းချမ်းနိုင်သေးတဲ့
သူငယ်ချင်းလေးကိုသာ အသနားပိုမိတယ်...

သူနဲ့စတွေ့ခဲ့တဲ့အချိန်ကစပြီး အေးငြိမ်း
သက်သာစွာမနေခဲ့ရသည့်ကောင်လေး..
အလုပ်နဲ့လူနဲ့မပြတ်တမ်း ကြိုးစားနေထိုင်
ခဲ့တဲ့ ကောင်လေး...

Rebirth for LoveDove le storie prendono vita. Scoprilo ora