Hiraeth([hiːrai̯θ]) ဆိုတာ..အရိုးရှင်းဆုံးဘာသာပြန်ရရင် Our longing for belonging တဲ့။ Welsh ဘာသာစကားတစ်မျိုးဖြစ်ပြီး သူ့ရဲ့တကယ့်အဓိပ္ပာယ်ကတော့.. မပြန်နိုင်တော့မယ့်အိမ် ဒါမှမဟုတ် တစ်ခါမှမတည်ရှိဖူးတဲ့အိမ်ကို တသသလွမ်းဆွတ်ခြင်းလို့ဆိုလိုတယ်။ ကျွန်တော့်အဖြစ်နဲ့အရမ်းဆင်ပါတယ်။ တခါမှမပိုင်ဆိုင်ခဲ့ဖူးတဲ့ သူ့ကို ဒီလိုဆောင်းဦးရာသီတွေမှာ ရွက်ကြွေတွေကိုကြည့်ရင်း နင့်နင့်သီးသီးသတိရတာမျိုးပေါ့။
သစ်ရွက်တစ်ရွက်ကကြွေလွင့်သွားတယ်...
တစ်ချိန်တည်းမှာပဲ... နောက်ထပ် ရွက်သစ်လေးတစ်ခုကထပ်ပေါက်လာတယ်... သူ့အတွက်ထားတဲ့ ကျွန်တော့်အချစ်ကလဲ အဲ့လိုပဲ... အပြီးအဆုံးသတ်သွားတယ်ဆိုတာမရှိဘဲ... နေ့သစ်တစ်ခုတိုင်း.. အချစ်ရွက်သစ်လေးပေါက်လာစမြဲနဲ့... ကျွန်တော်ဟာ သူ့အတွက် သိပ်ကိုအေးမြစေတဲ့သစ်ရိပ်တစ်ခုဖြစ်ခဲ့ပါတယ်။~~~~~~~~~~~~~~~~~
" Sehuna "
တက်ကြွတဲ့အပြုံးတွေနဲ့ ကျွန်တော့်ရဲ့နေရောင်ခြည်လေး။ ဒီသစ်ပင်က နေရောင်နွေးနွေးဖြစ်တဲ့ Byun Baekhyun ရှိမှ အသက်ဆက်နိုင်မတဲ့လေ။
" ငါဒီနေ့ Basketball club ကိုစာရင်းသွားပေးမလို့!"
" ဟုတ်လား... ငါလဲလိုက်ခဲ့မယ်လေ"
" ဟို! "
" ??? "
" Club က လူတစ်ယောက်ပဲလိုတော့တာတဲ့ Sehun.."
Byun Baekhyun ။
သူက ဘတ်စကတ်ဘောကစားခြင်းကို သိပ်နှစ်သက်တဲ့သူ။ ငယ်ငယ်လေးကတည်းက.. ကြီးလာရင် ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ကိုဖြစ်ရမယ်လို့ ဟစ်ကြွေးလာခဲ့တဲ့ကောင်လေး။ အားလပ်ချိန်တွေမှာ.. အမြဲလေ့ကျင့်နေတတ်ပြီး အတူလေ့ကျင့်ပေးဖို့ ကျွန်တော်ကအပါးတော်အမြဲပေါ့။ ဒါပေမယ့် မျိုးရိုးကပဲစကားပြောတာလား.. စားသောက်ပုံအာဟာရမျှတမှုကပဲ ဆုံးဖြတ်ပေးတာလားမသိဘူး.. ကျွန်တော်က သူနဲ့အတူလိုက်လေ့ကျင့်ပေးရင်း သူ့ထက်အဆမတန်အရပ်ရှည်လာတာ အခုဆိုခေါင်းတစ်လုံးလောက်ကွာဟနေပြီ။ ဒီတော့... ဘတ်စကတ်ဘောရူးတဲ့ ဒီကောင်လေးဟာ... ကျွန်တော်နဲ့အတူ အသင်းဝင်အဖြစ်စာရင်းသွားပေးရင်... သူ့ကိုမရွေးချယ်မှာ စိုးရိမ်ပုံရတယ်။
YOU ARE READING
𝓗𝓲𝓻𝓪𝓮𝓽𝓱 【SEBAEK】
Romance{ Unicode Version } ကျွန်တော် အိပ်မက်တွေကိုသဘောကျတယ်.. အိပ်မက်တွေထဲမှာဆို.. သူက ကျွန်တော့်အပိုင်ဖြစ်နေလို့လေ.. Sehun x Baekhyun _____________________________________ { Zawgyi Version } ကျွန်တော် အိပ်မက်တွေကိုသဘောကျတယ်.. အိပ်မက်တွေထဲမှာဆို.. သူက ကျွန...