Atar part 13

351 25 1
                                    

Hello အကို မနက်ဖန်ပြန်လာမှာ
မဟုတ်လား"

"ဟုတ်တယ်လေ ဘာလဲ အကိုကို
လွမ်းနေပြီလား"

"အကို့ကိုမေးစရာလေးရှိလို့"

"မေးလေ"

"ဟို ကိုကို အဲ ကိုဘုန်ူမြတ်မှာအရင်တွဲ
ခဲ့တဲ့မိန်းကလေးတွေများရှိလား"

"အင်းးးးးညီပြောမှတစ်ယောက်တော့
ရှိဖူးတယ်"

"ဘယ်သူလဲဟင်"

အတာအရမ်းသိချင်သည်
ကိုကိုကမိမိရှေ့တွင်ထိုတစ်ယောက်ကို
လွမ်းဆွတ်နေတဲ့ပုံဖြစ်နေသည်မဟုတ်လား

"သူ့နမည်ကကြယ်စင်တဲ့
သူ့ကိုဘုန်းမြတ်တော်တော်ကြိုက်လိုက်သေး
တာ
ဟိုကလမ်းခွဲသွားတုံးကဘုန်းမြတ်တစ်ယောက်
တော်တော်အသည်းကွဲသွားသေးတယ်"

"သူ့ကိုတော်တော်ချစ်မှာဘဲနော်"

"အင်းးးးးချစ်လောက်မယ်ထင်တာဘဲ"

မိမိရှေ့မှာချစ်ရသူရှိခဲ့သေးတာဘဲ
မိမိကသူ့အချစ်ဦးမဟုတ်ခဲ့ဘူးပေါ့
သူ့ဟာသူအချစ်ဦးမကလို့ဘာဘဲ
ဖြစ်ဖြစ်အခုချိန်မှာငါနဲ့မဆိုင်တော့
ဘူး
သူတို့ကပျက်သွားကြပြီဘဲ

အတာ နှင်းဆီနဲ့ဆွဲထားတဲ့အစီ
အစဥ်ကိုအကောင်အထည်ဖော်
တော့မည်ဖြစ်တာကြောင့်
စောစောအိပ်ယာဝင်လိုက်သည်
ဒါမှမနက်ပြည့်ပြည့်ဖောင်းဖောင်း
နဲ့မနက်ကြည့်ကောင်းနေမည်
..................
အတာနိုးသည်နှင့်အရင်နေ့များ
ကထပ်တက်ကြွလို့နေသည်
ဒီနေ့ကိုကို့ကိုဖွင့်ပြောမည်
အဲ့အတွက်အကြည့်ကောင်းဆုံး
ဖြစ်အောင်ပြင်သွားရမည်

ရေချိုးခန်းထဲမှထွက်သည်နှင့်
ဆံပင်ကိုဂျယ်နဲ့သေချာခွဲကာ
အရင်ဝတ်နေကျအကျီလက်ရှည်
မျိုးမဟုတ်တဲ့ အနောက်ဝတ်စုံ
ကိုကျကျနနဝတ်ဆင်လိုက်သည်
ရေမွှေးကိုဆွတ်ကာ ကိုကို
လက်ဆောင်ပေးထားသော
လက်ပတ်နာရီကိုဝတ်လိုက်သည်

ဒီလက်ပတ်နာရီကမိမိမွေးနေ့
သင်ကြန်ကိုလာတုန်းကပေးခြင်း
ဖြစ်သည်
အတာသည်မိမိမွေးနေ့ကိုမုန်းသည်
ဘာကြောင့်လဲဆို
မေမေသည်မိမိကိုမွေးဖွားရင်းဆုံးသည်
ဖေဖေသည်လည်းမိမိမွေးနေ့တွင်ဆုံးသည်
ဒါကြောင့်သင်ကြန်ကိုမုန်းသည်
အတာဆိုတဲ့နမည်ကိုမုန်းခဲ့သည်
မွေးနေ့တိုင်းလည်းအခန်းထဲမှာတစ်ယောက်
ထဲပုန်းနေခဲ့သည်

Atar Donde viven las historias. Descúbrelo ahora