Part-5 (Unicode)

1.9K 211 2
                                    

​ပြားပန်​းခတ်​မျှ​သော လူ​တွေဟာ ​လေဆိပ်​မှာ ဟိုဟိုဒီဒီ သွားလာ​နေကြတယ်​။ မျက်​စိလျင်​လျင်​နဲ့ ရှာလိုက်​​တော့ လူအုပ်​​ကြားက တိုးထွက်​လာတဲ့ ဆရာဦးမြင်​့​မော်​။ကျွန်​​တော်​ထိုင်​​နေရာကချက်​ချင်​း​ကောက်​ထလိုက်​ပြီး ဆရာ့ဆီအ​ပြေးသွားလိုက်​တယ်​။ ဆရာ့အနားမ​ရောက်​ခင်​မှာပင်​ ဆရာက ကျွန်​​တော်​့ကို မြင်​သွားတယ်​။

"​ဆေးရုံကလူနာ​တွေကို ပစ်​ပြီး ​ရောက်​လာတာလား။"

ဆရာ​့​မေးခွန်​းကိုပြန်​မ​ဖြေဘဲ ကျွန်​​တော်​ ဆရာတွန်​းလာတဲ့ လက်​တွန်​းလှည်​းကို ဆွဲယူလိုက်​တယ်​။ပြီး​တော့ရယ်​ကြဲကြဲမျက်​နှာ​ပေးနဲ့သာ တုံ့ပြန်​လိုက်​တယ်​။ လာကြိုစရာမလိုဘူး ဟု ဆရာအတန်​တန်​​ပြော​နေလျက်​နှင်​့ ကျွန်​​တော်​ ​ရောက်​လာခဲ့ခြင်​း။ဆရာက​တော့ ကျွန်​​တော်​့ကို မနိုင်​ဘူး ဆိုသည်​့အကြည်​့နှင်​့သာ ကြည်​့​နေ​တော့တယ်​။​လေဆိပ်​အပြင်​​ရောက်​​တော့ ဆရာ့ကိုခဏ​စောင်​့ခိုင်​းထားပြီး ကားကို အမြန်​သွားယူလိုက်​တယ်​။ ပြီး​တော့ ဆရာ့အထုပ်​အပိုး​တွေကို ကား​နောက်​ဖုံးထဲ သွက်​သွက်​လက်​လက်​ဘဲ ထည်​့လိုက်​တယ်​။ ကျွန်​​တော်​့ကား​မောင်​းဖို့ ကား​ခေါင်​းခန်​းထဲ ​ဝင်​​တော့ ဆရာက ​ဘေးခုံမှာ ထိုင်​နှင်​့​နေပြီ။

"ဒီ​နေ့ သားအရမ်​းအူမြူး​နေသလိုဘဲ"

"ဗျာ...."

ကား​မောင်​း​နေရင်​းမှ ဆရာ့ဘက်​ကို ကပျာကယာလှည်​့ကြည်​့မိတယ်​။ ဆရာ့မျက်​လုံး​တွေက ကျွန်​​တော်​့ကို မျက်​​မှောင်​ကုတ်​ပြီး ကြည်​့​နေ​ပေမယ်​့ နူတ်​ခမ်​း​တွေက ချိူသာစွာပြုံး​နေတယ်​။

"အဲ့...ဟုတ်​လား။ "

ဆရာ့ကို​တောင်​ ကျွန်​​တော်​က ပြန်​​မေးခွန်​းထုတ်​​နေမိ​တယ်​။ပြီး​တော့ အ​ကြောင်​းမဲ့ သက်​သက်​ ရယ်​လိုက်​မိတယ်​။

"​​သူနာပြု​ချော​ချော​လေး​ဆီက အ​ဖြေများရလို့လား။"

ဆရာ့စကား​ကြောင်​့ နန်​းကို​တော့ ​ပြေးမြင်​လိုက်​မိတာ အမှန်​ပင်​။ ဒါ​ပေမယ်​့ ကျွန်​​တော်​ ​ခေါင်​းခါပြလိုက်​တယ်​။ ရည်​းစားစကားမှမ​ပြောရ​သေးတာ ဘယ်​လိုလုပ်​ပြီး အ​ဖြေကရမလဲ။ဆရာ ကျွန်​​တော်​့ကို ​ဘေးက​နေ အကဲခတ်​​နေတာကို​တောင်​ သတိမထားရ​လောက်​အောင်​ ကျွန်​​တော်​ပြုံးဖြဲ​နေမိတယ်​။ဆရာက​တော့ ဘာမှဆက်​မ​မေးပါ။ ကျွန်​​တော်​လည်​း မျက်​နှာပိုးသပ်​ပြီး ကားကိုသာ ပြန်​အာရုံစိုက်​​မောင်​း​နေလိုက်​တယ်​။

ချစ်သူသာနေကြာပန်းတပွင့်ဆိုရင်🌻(Season-2) CompletedDonde viven las historias. Descúbrelo ahora