အဲ့ဒီ့လူက ငါ့ကိုချစ်နေတာသေချာတယ်
By name မတပ်ပဲခံစားချက်ကို ထုတ်ပြတယ်
ငါ့အပေါ် ဂရုတစိုက်ရှိတယ်။ စိတ်တိုချိန်
ဝမ်းနည်းချိန် ပျော်နေတဲ့အချိန်အကုန်သူသိတယ်ငါ့စိတ်ကိုယိုင်စေတဲ့စကားအသွားအလာတွေနဲ့
နေ့တိုင်းမက်ဆေ့ခ်ျတွေပို့တယ်။
ငါ့ကိုခေါ်တာ ငယ် တဲ့! သူ့ကဗျာတွေ
မြစ်ဖျားခံတာလဲ ငယ့်နာမည်နဲ့ပဲ တဲ့ဖွင့်ပြောဖို့ ငါမျှော်လင့်တာလည်း သူသိတယ်
တစ်ဆက်တည်း တားဆီးချင်တဲ့ငါ့စိတ်ကိုလည်း
သူသိတယ်။
ဘယ်သူ့လက်ကိုမှ မတွဲချင်ပြန်တဲ့ငါ့ကိုလဲ
သူသိထားတယ်
နားလည်ဖို့ခက်တဲ့ငါ့စိတ်ကို အဲ့လူကတော့
နားလည်သယောင်ယောင်...ထင်ရတာပဲReply မပြန်တဲ့ Metion တွေခေါ်တယ်
ငယ်ရေ နေမကောင်းဘူးကွာလို့ အမြဲဂျီကျတယ်
ငါရှောင်ထွက်သွားဖို့လုပ်တယ်
ငယ် လို့ထပ်ခါထပ်ခါခေါ်ပြီးအကြိမ်ကြိမ်ပြန်ဆွဲတယ်စိတ်ပျက်စရာကောင်းတဲ့ relationship တွေ
အရမ်းမုန်းတာပဲ ! ဟင့်အင်း
ငါတို့က မတွဲရသေးဘူး။
အဲ့လူကဘာမှဝန်ခံတာမဟုတ်ဘူး
အဲ့လူက တစ်ခါတစ်လေသိပ်ဂရုစိုက်ပြပြီး
တစ်ခါတစ်လေ လှည့်တောင်မကြည့်တဲ့လူပြတ်သားပြီးထက်မြတ်တဲ့ သူတွေကိုသဘောကျတယ်
ငါလည်း သူတို့လိုဖြစ်ချင်ပါတယ်
မဖြစ်ဖြစ်တဲ့နည်း နဲ့ ရှောင်ဖယ်နေတာပဲ
". . . . " လို့တစ်ခါမှမပြောဖူးပဲ ငါ့ကို
လျစ်လျူ ရှူ ခွင့်မပေးတဲ့လူငါက အတိတ်ကရုန်းမထွက်နိုင်သေးဘူး
မောင်ဆိုတဲ့ ငါ့အဆက်ဟောင်းကိုမေ့နိုင်ပြီဖြစ်ပေမဲ့
ဘယ်သူ့လက်ကိုမှလည်း ငါမတွဲရဲသေးဘူး
ငါကြာက်တာလည်း သိရဲ့နဲ့ ပုံမှန်ထက်လွန်တဲ့
ဂရုစိုက်မှုမျိုးတွေ ပေးတယ်။ မဖွင့်ဟပဲ
ငါ့ကိုကျရှုံးစေချင်တယ်ထင်တယ်။ငါပြတ်သားခဲ့ပြီိးပြီ ဇာတ်လမ်းစထဲကဖြတ်ချခဲ့ပြီးပြီ
နင်သာဝင်ခဲ့ရင်ဆိုပြီးလည်း အလိုက်သင့်နေခဲ့ပြီးပြီ
ခေါင်းစဉ်မရှိတဲ့ ပတ်သက်မှုမျိုးမှာ ငါ့စိတ်ကို
ယိုင်အောင်လုပ်ပြီး တွယ်ကပ်ဖို့ ကြိုးစားနေရင်
ငါကမုန်းပစ်လိုက်မှာ။14 / April / 2020