[Unicode]
ကျောင်းအရှေ့ပေါက်ရောက်ရောက်ချင်း မြင်လိုက်ရတဲ့ တန်ဖိုးကြီးအမည်းရောင် ကားကြီးနှစ်စင်းကြောင့် ChanYeolတို့ ခြေလှမ်းတွေကို တုန့်ကနဲရပ်ပစ်လိုက်ကြတယ်.။
"အင်း......သွားကြတော့လေ."
ဘယ်ဘက်ဘေးမှာ ရပ်နေတဲ့ MinSeokရဲ့ ပခုံးကို ပုတ်ပြီး Chanသတိပေးလိုက်တော့ MinSeokက သူ့ဘယ်ဘက်ဘေးက JunMyeonကို ပြန်ကြည့်လိုက်ပြီး...
"သွားမယ်လေ Jun."
MinSeokသတိပေးစကားကို JunMyeonခေါင်းငြိမ့်ပြလိုက်ပြီး ChanYeolကို တစ်ချက်လှမ်းကြည့်လိုက်ရင်း...
"ChanYeol...မင်းရော ၊ လာမခေါ်သေးဘူးလား??"
"လာပါလိမ့်မယ်။"
ခပ်တိုးတိုးအဖြေစကားပေးလာတဲ့ သူငယ်ချင်းဖြစ်သူကို နှစ်ယောက်သားပြုံးပြလိုက်ကြပြီး ခပ်လှမ်းလှမ်းက ကားမည်းကြီးနှစ်စီးပေါ် တက်လိုက်ရင်း အိမ်ပြန်ခရီးကို အစပြုလိုက်ကြတော့တယ်။
မျက်စိရှေ့ကထွက်သွားတဲ့ ကားနက်ကြီးနှစ်စီးကို ChanYeolလိုက်ကြည့်ပြီး ငြိမ်ငြိမ်လေးရပ်နေလိုက်မိတယ်။
မှန်တံခါးလေးချပြီးတောင် နှုတ်ဆက်ခွင့်မရှိတဲ့ သူတို့ရဲ့ Friendship..။
သက်ပြင်းလည်း မချချင်တော့ပါ။
အရိပ်ရတဲ့နေရာတစ်နေရာဘက်ကို တိုးရွေ့လိုက်ပြီး လာကြိုမယ့်ကားကိုသာ ဆက်စောင့်နေလိုက်မိတယ်။
ခပ်လှမ်းလှမ်းက မသိမသာရပ်ကြည့်နေတဲ့ ဂျူနီယာကျောင်းသူလေးတွေကို မမြင်ဟန်ဆောင်ရင်း.....။ပခုံးတစ်ဖက်ပေါ်က လျှောကျခါနီး လွယ်အိတ်ကြိုးကို ပြန်ပင့်တင်လိုက်ချိန်မှာပဲ မျက်စိရှေ့တလှိမ့်ချင်း လှိမ့်လာတဲ့ အဖြူအနက်စပ် ကန်ဘောလုံးတစ်လုံး...
ကုန်းလျှောအတိုင်းလှိမ့်မဆင်းသွားခင်မှာပဲ အချိန်မှီ လှမ်းမိနိုင်လိုက်တဲ့ ဘောလုံးပိုင်ရှင်ကို ChanYeolကြည့်လိုက်မိတော့ နေ့လည်ခင်းက ထမင်းစားဆောင်သွားလမ်းမှာ တွေ့ခဲ့ရတဲ့ ကျောင်းသားသုံးယောက်ထဲက တစ်ယောက်။
"Oh Se!!!ကားက ဟိုဘက်မှာ!!!"
နောက်ဘက်ဆီက လှမ်းအော်သံကြောင့် SeHunနောက်လှည့်ကြည့်လိုက်သလို ChanYeolလည်း ရောယောင်ပြီး လှည့်ကြည့်လိုက်မိတယ်.။
YOU ARE READING
Cover(Unicode/Zawgyi)
Fanfictionနေထိုင်မှုပုံစံတွေရဲ့ မတူညီမှုတွေကို ဖုံးကွယ်ထားတယ်ဆိုရင်တောင် အဆုံးသတ်မှာတော့ မင်းရင်ထဲက ချစ်ခြင်းတရားနဲ့ ငါ့ရင်ထဲက ချစ်ခြင်းတရားတစ်စုံကိုတော့ ထပ်တူကျခွင့်ရချင်တယ်~~~ ChanBaek-Yaoi