အပိုင်း(၂)

7.5K 521 33
                                    

[Zawgyi]

လွန်ခဲ့သောသုံးရက်ခန့်က....

Wang Group ရဲ့တစ်ဦးတည်းသောသား
Tracer Company ရဲ့ CEO ဝမ်ရိပေါ် နှင့်
Xiao Group ဥက္ကဌ မစ္စတာရှောင်း တို့ တွေဆုံကြစဉ်..

"ရိပေါ် ..ကျန့်ကျန့်ကို သားရဲ့Company မှာအလုပ်သင်အဖြစ်နဲ့ခေါ်ထားတာ အဆင်ပြေရဲ့လား ဦးသားကတော်တော်ရယ်... လုပ်ချင်ရာဇွတ်လုပ်တဲ့ကလေး အခုလည်းဇွတ်ရောတင်းရောပြောနေလို့သာ ခွင့်ပြုပေးလိုက်ရတာ Wang group မှာဆိုတော့ စိတ်အေးရပါပြီကွယ်"

"ဟုတ်ကဲ့...အဆင်ပြေပါတယ် ဦးလေးကျွန်တော်တာဝန်ယူပေးပါ့မယ်ဗျ"
[ယောက္ခမကိုခုတည်းကတာဝန်ယူမယ်ပြောနေပြီ😆]

ရိပေါ်တစ်ခါမှမဆုံဖူးတဲ့ကောင်လေးကို တာဝန်ယူပေးမယ်ပြောရတာသိပ်တော့အဆင်မပြေလှ..
ဦးလေးရှောင်းဆိုတာကလည်း
Company မှာရှယ်ယာရှင်တစ်ဦး သူ့ရဲ့ရင်းနှီးမြုပ်နှံထားမှုတွေကလည်းအများသား
လက်မခံလို့ကလည်းမကောင်းတော့ လက်ခံပေးလိုက်ရတယ်

"ကောင်းပြီ ဒါဆိုရှောင်ကျန့်ကို သားဆီအပ်ပါတယ်ကွာ
လိုအပ်တာရှိခဲ့ရင်လည်းသားကပဲဆုံးမပေးပါ"

"ဟုတ်ကဲ့...ဦးလေးရှောင်း..
ဒါဆိုကျွန်တော်သွားလိုက်ပါအုံးမယ်ဗျ...ခွင့်ပြုပါဦး"

"အေးအေး...ဟုတ်ပီ"
...............

လက်ရှိအချိန်.......

ရှောင်ကျန့်သူ့ရှေ့မှာမြင်လိုက်ရတာက သူ့အတွက်အံ့သြစရာပင်ဖြစ်နေ၍ငေးကြောင်နေမိသည်

စိတ်ထဲတွင်တော့...

'ဒါဘယ်လိုတိုက်ဆိုင်မှုမျိုးလည်း...ငါ့အတွက်များတမင်ဖန်တီးပေးလိုက်တာလား...အိုးမိုင်ဂေါ့... ငါ့ရဲ့နတ်သားလေး...ဘယ်လိုရေစက်လည်း..🤗 ပြောပါတယ်ဖူးစာရှင်ပါဆို..အဟိ.. ငါတော့ကံကောင်းတော့မယ်ဟ...'

ထိုစဉ်

"ညီလေးတို့ထိုင်ကြပါ"

'ငါ့နတ်သားလေးကပြောတော့လည်းထိုင်ရတာပေါ့..ဟီးဟီး'

"ဟုတ်ကဲ့"

သုံးယောက်သားထိုင်လိုက်ကြပြီး တစ်ဖက်ကပြောလာသည်ကိုနားထောင်လိုက်ကြသည်

မင်းအချစ်ကကိုယ့်အတွက်ပဲဖြစ်ပါရစေ (Completed)Where stories live. Discover now