Unicode
"Kris...အလုပ်မှာအဆင်ပြေခဲ့လားလို့!!"
"!သြော် အင်း အင်း ပြေတယ်လေ"
ကောင်လေးစီပဲအတွေးရောက်နေခဲ့တော့baekhyun'မေးခွန်းကိုတောင်မေ့သွားတာသူအော်မှပဲ ပြန်ဖြေနိုင်သည်
ဟိုကလူကောင်သေးသလိုစိတ်ကလဲမရှည်တတ်တာကြောင့် တခုခုဆို ထထအော်တာ
ကိုယ်ကလဲသူမို့သာအော်ခံတာ တခြားလူဆိုသည်းခံတာမဟုတ်ဘူး
"တခုခုဖြစ်ခဲ့လို့လား"
"ဟင့်အင်း မဖြစ်ပါဘူး Wae"
ပြန်မေးရပေမဲ့baekhyunသတိထားမိနေမှန်းကိုယ်အသိ
ကိုယ်မိဘမဲ့ဂေဟာကထွက်လာထဲက သူနဲ့ရင်းနှီးခဲ့တာဆိုတော့ အကြောင်းသိနေကြပြီ
သူ့ကိုကောင်လေးအကြောင်းတော့ပြောမထားခဲ့ဘူး
သူပါအာရုံနောက်ရမှာဆိုးတာကြောင့်ကိုယ့်အတွက်နဲ့မဆိုင်သူတွေပါ ပင်ပန်းရတာမျိုးမလိုချင်
ကောင်လေးပုံစံကသူစိတ်မထင်ရင်မထင်သလိုအကုန်လုံးပတ်ရမ်းမဲ့ပုံလိုချင်တာမရလိုက်ဘူးဆိုရင်နေ့ရက်ပေါင်းများစွာပင်ပန်းအောင်လုပ်နေတော့တာလေ
"မင်းဒီရက်ပိုင်း အချိုးပြောင်းလာသလိုပဲ"
"ဘာပြောင်းလို့လဲ"
"မာနမိုးထိုးနေတဲ့ကောင်က အစွယ်ကျိုးသလိုဖြစ်နေလို့ဟေ့"
မရယ်ချင်ပေမဲ့ရောယောင်ပြီးရယ်ပေးလိုက်သည်
မာနလား..ကိုယ့်မှာရှိရောရှိသေးရဲ့လား
လူတွေရှေ့မှာတိရစ္ဆာန်တကောင်လိုတောင်ဆက်ဆံခံခဲ့ရပြီးပြီ
ကိုယ့်မာနကအခုဘယ်မှာပုန်းနေတာများလဲ
တကယ်ကိုခံပြင်းစရာကောင်းလွန်းတယ်မလားကောင်လေးစီမှာကိုယ်ကဘာမှအသုံးမကျတဲ့လူဆိုတာ ကိုယ်သွားလိုက်တဲ့ပတ်ဝန်းကျင်တိုင်းမှာပေါ်လွင်ခဲ့တယ်
လူတေွရှေ့မှာကျတော့်ကို အရှုံးသမားဆိုတာပေါ်အောင် သူလုပ်နေတာဖြစ်ရင်ဖြစ်လိမ့်မယ်
ဒါပေမဲ့သူနဲ့စတွေ့တဲ့အချိန်ကိုပြန်သွားရင်လဲကျတော်လုပ်ခဲ့တဲ့အရာကိုပြန်ပြင်ဆင်မှာမဟုတ်ဘူး
YOU ARE READING
ရှုံးးး(Z And U) completed
Fanfictionကျတော့်ရဲ့မာနတွေကိုသူ့ခြေရင်းမှာပစ်ချခဲ့တယ် ကျတော်ရှုံးတယ်... ကျတော့်ရဲ့မာနတွေကိုသူ့ခြေရင်းမှာပစ်ချခဲ့တယ် ကျတော်ရှုံးတယ်... ×××××××××××××××××××××××××× (Krisyeol fanfiction) #EXOMYANMARFANFIC #KRISYEOL #OWNCREATION You Can Read Both Uni And Zawgyi cod...