ပါးစပ်ထဲကို စားစရာတွေသာ
တရစပ်ထိုးသွင်းပြီး မလှမ်းမကမ်းက
ပြုံးစစနဲ့ သူ့ကိုခိုးကြည့်မိသည်။ဒီအဖိုးကြီး ခုထိမပြန်သေးဘူးလေ။
ညက ရှောင်ကျန့်အိပ်ရေးပျက်တာကြောင့်မလို့
မနက် နောက်ကျမှနိုးရသည်။
နေရောင်ကြောင့်လားတော့မသိပေမဲ့
နွေးထွေးလွန်းတဲ့ခံစားချက်ကြောင့်
တော်တော်နဲ့မထမိဘဲ ဆက်အိပ်နေမိတာ။နိုးတော့မှ ရှောင်ကျန့်တစ်ကိုယ်လုံး
ဝမ်ာကျီးရင်ခွင်ထဲနစ်နေသည်လေ။"ထတော့ အိပ်ပုတ်လေး..!"ဆိုပြီး
နှာခေါင်းကိုဆွဲညစ်တဲ့ ၀မ့်ကျီးအမူယာက
တကယ့်ချစ်သူတွေ လုပ်လေ့ရှိသည့်ပုံစံ။ရင်ဘတ်တစ်နေရာက ခပ်မြန်မြန်ခုန်လာတကြောင့်
ရေသန့်စင်ဆောင်ထဲဝင်ပြီး ရေမိးု့ချိုးရသည်။
ပြန်ထွက်လာသည်ထိ ကုတင်ပေါ်မှာ
ဝမ့်ကျီးက ငုတ်တုတ်။"ခင်ဗျားမပြန်သေးဘူးလား"
"ဟင့်အင်း..ကိုဒီနေ့တစ်နေကုန်
မင်းနားမှပဲနေမှာ""ဘုရင်ဆိုတာ ကိုယ်လုပ်တော်
တစ်ယောက်အဆောင်မှာ လာပျော်နေလို့မရဘူးလေ""ကိုက မင်းရှိတဲ့နေရာတိုင်းကို
ပျော်နေတော့ ဘယ်လိုလုပ်ရမလဲ"ရှောင်ကျန့်ဘာမှမပြောတော့ဘဲ
စားတော်ပွဲသာ ငုံ့စားနေလိုက်သည်။
စာအုပ်ကြီးပိုက်တာ မျက်တောင်မခတ်ဘဲ
လာကြည့်နေသည့် ၀မ့်ကျီးကြောင့်
ဘာမှမျိုမကျ။"နောက်အပတ်ကိုတိုင်းခန်းလှည့်လည်ဖို့ရှိတယ်..
ဝေ့ရင်းလိုက်မလား""ဟင့်အင်း..အဲ့တာက မိဖုရားတွေ
လုပ်ရတဲ့အလုပ်..မဟုတ့်တဲ့နေရာတွေထိ
နယ်မကျော်ချင်ဘူး""ဝေ့ရင်းက ကိုယ့်မိဖုရားဘဲလေ...
ယောင်္ကျားလေးတစ်ယောက်ဖြစ်လို့သာ
ကိုယ်လုပ်တော်လို့ ခေါ်တာ။
ကို မင်းတစ်ယောက်တည်းကို
လက်ထပ်ယူထားတာနော်.."ပြုံးရွှင်နေသည့် ၀မ့်ကျီးမျက်နှာက
မျှော်လင့်ချက်အပြည့်။"ခင်ဗျားကိုတိုင်းသူပြည်သားတွေ
ၿငိဳျငင္မွာ မစိုးရိမ္ဘူးလား"
BẠN ĐANG ĐỌC
ချစ်သောအရှင်(ချစ်သောအရှင်){Completed}
Fanfictionအချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ မကျော်လွန်ဘဲ မင်းကိုလွမ်းနေတုန်း အချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ မကျော်လွန်ဘဲ မင်းကိုလွမ်းနေတုန်း