🌸ဗီလိန် ချစ်သော ပန်းတစ်ပွင့်🌸

521 12 8
                                    

ကျတော် သူ့ကိုချစ်တာ ဘာရယူလိုခြင်းမှ မပါပါဘူး အများက ကျတော့်ကို ဗီလိန် တဲ့ ကျတော် သူ့ကိုဘာရယူလိုခြင်းမှမပါပဲ သူများတွေချစ်သလို ချစ်ခဲ့တာလေ ကျတော်ချစ်နေတာ ယောင်္ကျားလေးဖြစ်နေလို့ ကျတော့်ကိုရွံ့တယ်တဲ့ ဘယ်သူမှအပေါင်းအသင်းမလုပ်ကြဘူး ကံကောင်းထောက်မစွာနဲ့ ငယ်ငယ်ထဲက ပေါင်းလာတဲ့ ငယ်သူငယ်ချင်းတယောက်ပဲ ကျတော့်ကို လူတယောက်လို ဆက်ဆံခဲ့တာလေ အဲ့တာကျတော့အတွက်မဆန်းတော့ပါဘူး မိဘတွေကတောင် ကျတော့်ကိုခွေးလို ဆက်ဆံသေးတာပဲ ဘယ်သူမှအပေါင်းအသင်းမလုပ်ချင်တာ မဆန်းပါဘူး အဲ့တော့ကျတော်ကပဲ ဘယ်သူနဲ့မှစကားမပြောဘဲ ဖာသိဖာသာပဲနေခဲ့တာ ငယ်သူငယ်ချင်းကလွဲလို့ပေါ့ အဲ့တာကလဲ ကျတော် ပန်းလေးတပွင့်ကို မချစ်မိခင်ကပါ ကျတော် ချစ်တဲ့သူတွေက ကျတော့်ကိုမုန်းတာ ကျိန်စာတခုလိုပါပဲ ပန်းကလေးမှာ ချစ်သူရှိတယ်တဲ့ သူ့ကိုပန်းကလေးလို့ခေါ်တာ ချစ်တာထက် မြတ်နိုးလွန်းလို့ပါ သူနဲ့စတွေ့တာကလဲ သူ့ချစ်သူကိုကားနဲ့တိုက်မိတာလေ ပွဲချင်းပြီးကိုဆုံးသွားတာ အဲ့ကထဲက ကျတော့်ကိုမုန်းတာ ပန်းလေးက ကျောင်းရဲ့ king ဖြစ်သလို ချမ်းသာဆုံး သူwarning ပေးလိုက်ရင် warningခံရတဲ့သူက တကျောင်းလုံးရဲ့ပစ်မှတ် ပဲကျတော်အပါအဝင်ပေါ့ သူဘယ်လောက် ကျတော့်ကိုမုန်းမုန်း ကျတော့်ရဲ့ အချစ်တွေကို သူတနေ့နားလည်လာမှာပါ အမြဲတမ်း သူက ဗိလိန်ဖြစ်တဲ့ကျတော်မြတ်နိုးတဲ့ ပန်းကလေးတပွင့် ဖြစ်နေမှာပါ
ကျတော်ကမ္ဘာမှာမရှိတော့ရင်တောင်ပေါ့
❤လင်းနေခ❤
ကျတော့်သူ့ကို အရမ်းမုန်းတယ် ကျတော်အရမ်း ချစ်ရတဲ့သူကို လူ့လောကထဲကနေ သူဆွဲထုတ်သွားတာ ကျတော်ချစ်သူ ခံစားခဲ့ရသလို ရှင်လျက်နဲ့သေနေသလို ခံစားစေရမယ် သူက ကျတော့်ကို ချစ်နေတာတဲ့ ဟင်း ကျတော်သူ့ကို ပိုရွံသွားပြီ ကျတော်သူ့ကိုဘယ်တော့မှ ချစ်မှာမဟုတ်ဘူး ဒါပေမဲ့ ကျတော့်ချစ်သူအတွက် လက်စားချေပြမယ် ကိုအရမ်းချစ်ရတဲ့သူက ကို့ကိုထားသွားရင် ဘယ်လိုခံစားရသလဲဆိုတာ ခင်ဗျားသိစေရမယ် ကျတော်က ခင်ဗျားရဲ့ ပန်းကလေးဆိုရင်တောင် ခင်ဗျားကိုသေစေနိုင်တဲ့ အဆိပ်ရှိတဲ့ ပန်းပဲ ဖြစ်နေစေရမယ်
💙ခွန်းစဝ်💙
ကျမ ဘဝထဲကနေ ကျမအရမ်းချစ်တဲ့အမြွှာအမကို ခေါ်ထုတ်သွားတဲ့ လင်းနေခဆိုတဲ့လူကို ပြန်ခံစားရအောင်လုပ်ပြမယ် စောင့်နေပါ ရတီမှိုင်းအနေပြန်လာပြီး ရှင့်ဘဝတခုလုံး ဗြောင်းဆန်သွားအောင်လုပ်ပြမယ် စောင့်နေပါ
💚ရတီလှိုင်း💚
ကျတော့် သူငယ်ချင်းက ခင်ဗျားတို့အမြင်မှာ ခွေးလား သူ့ကြောင့်မဟုတ်တဲ့ကိစ္စ ကို ဒီလိုစွပ်စွဲနေတာ တရားလွန်တယ် ရွံဖို့ကောင်းတာ ကျတော့်သူငယ်ချင်းမဟုတ်ဘူး အတ္တကြီးတဲ့ ခင်ဗျားတို့တွေ ခင်ဗျားတို့ နောက်မှ နောင်တ မရပါစေနဲ့လို့ ဆုတောင်းပေးလိုက်မယ်
💜ဝေယံသော်💜

Default Title -🌸 ဗီလိန် ချစ်သော ပန်းတစ်ပွင့်🌸Where stories live. Discover now