*မ​ေက်ပြဲ*

7.7K 826 35
                                    


အားလပ်ရက်မဟုတ်သော်ငြား ပြုံးပျော်ကာ
နိူးထလာသည့် အကိုလေး၏မနက်ခင်းသည်
အနည်းငယ်ထူးဆန်းနေသ‌ယောင် မဟုတ်မှ
ရည်းစားရနေတာများလား အလုပ်ဆိုတာနဲ့
မျက်မှောင်ကျုံ့သွားတတ်သည့် အကိုဂျောင်
ကုဟာ ပြုံးရွှင်ကာ နားထောင်နေသည်မို့
ဆိုးဘင် မသင်္ကာဖြစ်သည်မှာ မဆန်း

*အကိုလေး ဂျောင်ကုမှာ ပျော်စရာရှိနေတယ်
ထင်တယ် မျက်နှာ‌လေးက လန်းဆန်းနေလို့

မရဲတရဲ ဆိုလာသည့် ဆိုးဘင်စကားအား
သူမငြင်းမိ မနေ့ကတည်းက အနိုင်ပိုင်း
နိုင်လိုက်မူကြီးအား ဂုဏ်ယူမဆုံး ပျော်ရွှင်
ဝမ်းသာ နေမူကြီးဟာဖြင့် ယခုထိတိုင်
မျက်နှာပိုးပင် မသတ်နိုင် တစ်ရာမှာ
တစ်ခေါက်သာ ထိုအနှီလူသားအားအနိုင်
ရသည်မို့ ဂျောင်ကုတစ်ယောက်လက်
ရှိမုဒ်မှာဖြင့် ဗဲရီးဟက်ဗီးနေရပါသည်

*အေး ပျော်စရာလေးတွေရှိနေလို့ ဒီနေ့
ရိုက်ကွင်းရောက်ရင် ဝန်ထမ်းတွေ
အတွက် နေ့လည်စာကို ငါစီစဉ်ပေးထား
တယ်ပြောလိုက်

*ဗျာ

မဗျာလို့ မရ တစ်ပြားကိုတောင်နှစ်ပြား
ဖြစ်အောင်ခွာတဲ့ လူက ဝန်ထမ်းတွေ
အတွက်နေ့လည်စာပါ စီစဉ်ပေးအုံး
မည်တဲ့ ဘုရား သကြားမလို့ အပျော်လွန်
ပြီး ရူးနေတာတော့ မဟုတ်ဘူးမလား

မကြားမှန်းသိလို့ အတင်းတုပ်တယ်ပဲ
ဆိုဆို ကပ်စေးနည်းကိုချမ်းသာအား
အပီပြောရတာဆိုလို့ ဒီလိုအချိန်ပဲ
ရှိတာမလား ထုတ်သာပြောကြည့်ပါ
လား တစ်ခါတည်းအထုပ်ဆွဲ ရွာပြန်
ပြီး ရေခဲချောင်းရောင်းပဲ အရပ်သာ
ရှည်သာ စိတ်က လက်တစ်ဆစ်ရယ်

*******
ကျွန်တော်ခုထိ ဟိုတစ်‌ယောက် ကို
အခဲမကျေသေးဘူးအဲ့နေ့က ဖွင့်ပွဲကိုရောက်တာ
နောက်ကျသွားတယ်လေ ဒါတောင်
တက္ကစီ နဲ့အမြန်သွားလို့မဟုတ်လို့
ကတော့ လျော်ကြေးပေးနေရမှာ
လျော်ကြေးပေးရတာက အသာထား
ဒီမင်းသားက အချိန်ကိုမလေး
စားဘူး ဘာညာဆိုပြီး အပြောတော့မခံနိုင်ဘူး
ပတ်ဂျီမင်းတို့က အလုပ်နဲ့ပက်သက်ရင်
သေးသေးတင်တာတောင်ခံနိုင်တာ
မဟုတ်ဘူးအခုလဲနောက်ဆုံး ခန်းကို
ရှော့ပင်းမောလ်မှာရိုက်မှာဆို
လို့ ကိုကရောက်နှင့်နေပြီ မယ်မင်းကြီး
သားကအခုထိပေါ်မလာသေးဘူး

အက်ရှင် [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now