LD-P33|ပေကျင်းမှာအချစ်ဒဏ္ဍာရီတွေ၊ဂျယ်ဂျူမှာတော့တစ်ကိုယ်တော်ပြဇာတ်[EditedVersion]

7.7K 497 24
                                    

#unicode

အခန်း(၃၃)| ပေကျင်းမှာအချစ်ဒဏ္ဍာရီတွေ၊ ဂျယ်ဂျူမှာတော့ တစ်ကိုယ်တော်ပြဇာတ်

သူ့လမ်းအောင်မြင်ဖို့ဆိုရင် ရှင်းယန်ကို ဘယ်လိုပဲ အပျော့ဆွဲရ၊ ဆွဲရတွေးထားပုံနှယ်။ ကိစ္စတော့မရှိပါဘူး၊ သူ့နှလုံးသားက အစောကြီးကတည်းက သူမနဲ့အတူ သေသွားနှင့်ပြီးသားပဲ။

***

ပင်လယ်ကြီးကိုမြင်နေရပေမယ့်လည်း စိတ်ကတော့ပျော်ရွှင်မနေ။ စာချုပ်တစ်ခုချုပ်ဖို့အတွက် အလုပ်ကိစ္စနဲ့ ဒီကိုရောက်လာတာဆိုပေမယ့်... အခုထိမပြန်ချင်သေး။ ပင်လယ်ကို ချစ်လို့ မပြန်ချင်တာမျိုးလားဆို‌တော့မဟုတ်။ ပင်လယ်ကိုမြင်ရရင် နည်းနည်းလောက်ဖြစ်ဖြစ် သက်သာမလားလို့လေ... ဒီဒဏ်ရာက....

ကမ်းစပ်မှာ လူတော်တော်များများဟာ မိသားစု...၊ သူငယ်ချင်း...၊ ချစ်သူရည်းစားကိုယ်စီနဲ့ ပျော်ရွှင်နေကြပေမယ့်... တစ်ယောက်သောသူကတော့ လူတွေနဲ့နည်းနည်းကင်းတဲ့ ကျောက်ဆောင်တစ်ခုပေါ်မှာ ဆိုဂျူပုလင်းတွေနဲ့အဖော်ပြု‌နေပါလျက်။ သူ ဆိုဂျူတစ်ငုံမော့လိုက်ပြီး...!

"မင်းပြော...ငါက မပြည့်စုံလို့လား? ငါ့လို ဒီလောက်ပြည့်စုံတဲ့သူကို တခါတည်းငြင်းပစ်တယ်တဲ့လား...? ... မင်းကြည့်...ငါ့ရဲ့ ရူပါလေးကလည်း အပြစ်ပြောစရာမရှိအောင်ကိုချောနေတာ...! အလုပ်လား?? company ကြီးတစ်ခုလုံးကို ဦးစီးရတဲ့ CEOပါဟ...ဒီလောက်အဖက်ဖက်ကပြည့်စုံတဲ့ ငါ့ကိုလေ...အဟင့်"

ဆိုဂျူတစ်ငုံသောက်လိုက်၊ နားနားပြီးပြောလိုက်နဲ့ ပင်လယ်ပြင်ကြီးကို ရင်ဖွင့်နေတဲ့သူကတော့ တခြားသူမဟုတ်၊ ကျိုးချန်ပင်။

"ကောင်လေးရာ ကိုယ့်နှလုံးသားက နုနုလေးဆိုတာ မင်းမသိဘူးလား...? ဘာတဲ့ ကျွန်တော့်မှာ ချစ်ရတဲ့သူရှိတယ်တဲ့... ကျွန်တော် သုံးပွင့်ဆိုင်မဖြစ်ချင်ဘူးတဲ့...အစ်ကို့ဘက်က ခံစားချက်တွေရှေ့ဆက်မတိုးပါနဲ့တဲ့...အစ်ကို ကျိုးချန်က ဒီအတိုင်း ကျွန်တော့်ကို ညီတစ်ယောက်အဖြစ် သဘောထားလို့ရပါတယ်တဲ့...ကျွန်တော်ကလည်း အစ်ကိုကျိုးချန်ကို ကိုယ့်အစ်ကိုတစ်ယောက်လို သဘောထားပါတယ်တဲ့လေ... ဘယ်လိုတောင် ခံပြင်းလိုက်လေသလဲ..."

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now