"ဆေးထိုးထားပေးတယ် ... အပူကျအောင် ရေပတ်တိုက်ပေး Jongin...သူနဲ့မတည့်တာသိသိကြီးကို သောက်လာရတဲ့ထိ ဒီကောင်ရူးမိုက်လား...မင်း မျက်နှာကြောင့် ငါ လာကုပေးတာ သူ့ဟာသူဆို သေပါစေ ပြစ်ထားတယ်..."
အရင်က Sehun ကိုသိပ်ချစ်တဲ့ Sehun အကိုဝမ်းကွဲ Baekhyun တောင် ကျနော်တို့ ၂ယောက်အကြောင်း အလုံးစုံ သိပြီးသည့်အခါ ပုံစံပြောင်းသွားလေပြီ...ဘေးလူတွေကသာ Sehun ကိုမကျေနပ်ကြပြီး Jongin ကိုသနားကြပေမယ့် ကာယကံရှင် Ooh Sehun ကတော့ အားနာပုံပင်မရ....ကျနော်ကရော....?
သူ့ကိုအိမ်ထောင်ရေး ဖောက်ပြန်တယ်လို့ မစွပ်စွဲရက်ပါဘူးလေ...
ခပ်ပြူံးပြူံးလေးနေ နေတဲ့ Jongin ကို Baekhyun အားမလို အားမရဖြစ်ကာ ...
"Jongin...မင်းဒီလိုလုပ်နေရင် မင်းနေရာပျောက်သွားလိမ့့်မယ် ...Sehun ကိူဒီအတိူင်း လွှတ်မထားနဲ့ တစ်ခုခုတော့လုပ်ပါ..."
"ကျနော်က ဘာတတ်နိူင်မှာမို့လဲ Hyung ရယ်..Sehun စိတ်တွေကမှ ကျနော့်ဆီမှာ မရှိတော့တာ..သူမမှားပါဘူး..ကျနော့်လို ယောကျာ်းတစ်ယောက်ထက်စာရင် သူမက သာယာပျော်ရွှင်ခြင်းတွေကို ယူဆောင်ပေးနိုင်တယ်လေ"
"ဘယ်အချိန်ထိ နားလည်ပေးနေဦးမှာလဲ Kim Jongin...အခုမင်းက သူတိူ့၂ယောက်ငြိူငြင်မှာကြောက်ရတဲ့ အခြေနေဖြစ်နေပြီ"
"ကျနော် Hun ကိုဘယ်တုန်းကမှ မငြိူငြင်ခဲ့ပါဘူး....သူစိတ်ဆင်းရဲအောင်လည်း မိန်းမတစ်ယောက်နဲ့ ပြိုင်မလုချင်တော့ဘူး..သူကျနော့်အနားမှာ မနေချင်ရင်တောင် သမီးအတွက်သူရှိနေမှရမယ်လေ"
"Tsk!!!! Jongin ရာ...."
ခြေသံပြင်းပြင်းနဲ့ ထွက်သွားတဲ့ Baekhyun ကိုအားနာမိပေမယ့် Jongin မတတ်နိုင်ပါ...
Sehun ကိုရေဝတ်တင်ပေးကာ မျက်နှာခပ်ရဲရဲလေးကို ကြည့်ရင်း....
ပျော်လားဟင် Sehun...သူမနဲ့ ရှိရတဲ့ အချိန်မှာပျော်လား ! သမီးနဲ့ ကျနော့်ကို မေ့သွားရလောက်တဲ့ထိ ပျော်လား ! ကျနော်နာကျင်တယ် hun ...ဒီနေရာက အရမ်းနာတယ်...
Jongin သူ့ရင်ဘတ်လေးသူ ပုတ်ကာ မျက်ရည်ဖြိုင်ဖြိူင်ကျရင်း ပြောသည်....

ESTÁS LEYENDO
Love Story | Zawgyi + Unicode |
Fanficကျနော်တို့ ၂ယောက်ရဲ့ အချစ်ပုံပြင်.. SeKai Yaoi