Love Story-6 ( Unicode )

894 95 0
                                    


စိုးရိမ်တကြီးနဲ့ ပြေးလာခဲ့ကာ မျက်စိရှေ့က သူမပုံကိုမြင်ရတော့ ရင်ထဲနင့်ခနဲ....

ဦးခေါင်းဆီမှာလည်းပတ်တီးအဖွေးသား နဲ့ မျက်နှာမှာလည်း ထိခိုက်ထားသေးသည်...။

တစ်ချက်တစ်ချက် ယောင်ယမ်းတတ်ပေမယ့် သတိလည်မလာသေး...Mr .Jin. ကိုဆေးရုံလာခိုင်းလိုက်ကာ သမီကိုခေါ်သွားခိုင်းလိုက်သည်...သမီးရှေ့မှာ သမီးရဲ့ Papa မဟုတ်တဲ့သူကို ကြင်နာစွာနှစ်သိမ့် နေရတဲ့ပုံရိပ်ကို ကျနော်လိပ်ပြာမလုံပေ....

ည၈နာရီလောက်မှ သူမသတိလည်လာလို့ ဆရာဝန်တွေခေါ်ကာ ဆေးစစ်ပြီး ကြီးကြီးမားမားမဖြစ်တာမို့ ရီမောကာ သူမနဲ့စကားပြောကာ နှစ်သိမ့်ပေးနေမိသည်..

Coffee သောက်ချင်သည်ဆို၍ Elevator နဲ့အောက်ဆင်းကာ coffeeဝယ်ပြီးပြန်တက်မည်ပြင်ကာမှ .....Baekhyun hyung ကိုတွေ့လိုက်တာမို့ လှမ်းနုှတ်ဆက်လိူက်ပေမယ့် Hyung ကမကြား....

အသည်းအသန်ပြေးထွက်သွားတာမို့ ဘာရယ်မဟုတ်လိုက်ကြည့်မိတော့ အရေးပေါ်ဝင်လာတဲ့ ambulance တစ်စီးစီကိုပြေးသွားနေတာ....

အလုပ်မှာ သိပ်တည်ငြိမ်သည့် Baekhyun ရဲ့ ပုံစံက အသည်းအသန် တုန်လူှပ်ကာ မျက်ရည်တွေပါကျနေတာမို့ sehun အံ့သြသွားမိသည်...Baekhyun အိမ်ကအိမ်သားတွေများ တစ်ခုခုဖြစ်လို့လား....

ambulance ပေါ်ကလုူနာကို ချကာ ဆရာဝန်တစ်ယောက်က အပေါ်ကနေတက်ထိုင်ကာ နှလုံးနိုးနေလေသည်..ဘေးမှာက oxygen ပေးနေသော သူနာပြုကလည်း ပျာယာတွေခတ်နေသည့်အပြင် .. .Baekhyun ပုံစံကလည်း စိတ်လွတ်နေတဲ့သူလို တွန်းလှည်းနောက်ကို လိုက်သွားနေတာ...

စိတ်ဝင်စားတာမို့ ကိုယ့်အရှေ့ကနေ ဖြတ်တဲ့အချိန် ကြည့်လိုက်မိတော့ ဦးခေါင်းတစ်ခုလုံးသွေးခြင်းခြင်းနီကာ အသက်မဲ့စွာ ပါသွားတဲ့ သူကြောင့် sehun လက်ထဲက coffee ခွက်လေးပါ ပြုတ်ကျသွားရသည်..

"Nini"....

♥♥♥♥♥♥♥

Emergency room ထဲက ကုတင်ပေါ်မှာbaekhyun အသည်းအသန် နှလုံနှူိုးနေရသော လူနာက Jongin မဖြစ်ဖို့ ဆုတောင်းမိသည်...

"Dr.Byun သွေးပေါင်တွေ ထိုးကျသွားပြီ..."

"ထပ်မြှင့်ပေးပါ...300 j!!!!"

Love Story  | Zawgyi + Unicode |Kde žijí příběhy. Začni objevovat