Love Story - 8 ( Unicode )

852 84 1
                                    


ဒုက္ခဆိုတာ အပေါင်းဖော်နှင့် လာသည်ဆိုသော စကားဟာ တကယ်မှန်သည်ထင်ပါ့...တစ်ပူပေါ် နှစ်ပူဆင့်ရပြန်ပြီ...

ဒီသောကတွေကို မေ့ကာ Nini နားမှာဘဲ ထာဝရနေသွားချင်တော့တာ....အခုတော့ ရင်သွေးတဲ့လား....

"ရင်သွေး"..စကားကသာ ၂လုံးတည်းရယ်...ကြားလိုက်ရတဲ့အချိန်မှာ ရင်ထဲခံစားချက်ဖော်မပြနိုင်အောင် ဝမ်းသာခဲ့ရသည်...

တစ်ချိန်တုန်းက Nini ကလိုချင်တယ်ဆိုတာတောင် သူ့အတွက် အန္တာရယ်များလွန်းလို့ မရရအောင် ငြင်းပယ်ခဲ့ရတာ....အခုဒီကိစ္စက သူမနဲ့ ကျနော့်ကြား ဆိုက်ဆိုက်မြိူက်မြိူက် ရောက်လာခဲ့ပြီ...

ဖျက်ချပစ်ဖို့ မပြောရက်ပါ...ကျနော့်သွေးသား ဖြစ်တဲ့အပြင် တစ်ချိန်က ကျနော်ချစ်ခဲ့ရတဲ့ သူမနဲ့ ရခဲ့တာပင် မဟုတ်လား..

လောကကြီးထဲကကို ရောက်ရှိလာဦးမယ့် ကျနော့်သွေးသားကို တာဝန်ကျေစွာကြိုဆိုနိုင်ဖို့ အတွက် ကျနော် Nini အပေါ် အပြစ်တွေကျူးလွန်ရဦးမည်....

Hun..ကိုခွင့်မလွှတ်ပါနဲ့....Nini

♥♥♥♥♥♥Love Story ♥♥♥♥♥♥♥

"အခန်း 94 ကလူနာသတိရလာပြီ..."

တစ်လကျော်ကြာသည်ထိ ကျနော့်အားပစ်ထားခဲ့သော သူသည် ... ယခုမနက်တွင် သတိရလာခဲ့သည်...

"Nini..."

ဆရာဝန်ကြီးတွေ စမ်းသပ်နေတာကြောင့် ကျနော်သူ့ကို သေချာအလွမ်းသယ်ခွင့်မရ...

"စိုးရိမ်စရာ မရှိတော့တာမို့ မကြာခင်ဆေးရုံဆင်းခွင့်ရမှာပါ..."

"ကျေးဇူးတင်ပါတယ်..Dr..."

"Hun..."

တမ်းတနေခဲ့ရသောကိုယ်လုံးလေးတွေ ထွေးပွေ့လိုက်ကာ..

မျက်ရည်ကျရင်း...

"ကျေးဇူးတင်ပါတယ် Nini ya...ကိုယ့်ဆီပြန်လာပေးလို့ ..

တကယ် ကျေးဇူးတင်ပါတယ်..."

Jongin သူ့ကို ဖက်ထားရင်း မျက်ရည်ကျနေတဲ့ sehun မျက်နှာလေးကို ကြည့်လိုက်ပြီး ....

"မငိုပါနဲ့ Hun ကလည်း...ကျနော်ပြန်လာပြီလေ.."

Sehun မျက်ရည်တွေကို သုတ်ပေးကာ Jongin ရင်ခွင်ထဲကိုပြန်တိုးဝင်လိုက်တော့....သူ့စကားသံတိုးတိုးက စိတိကိုကျေနပ်စေသည်....

Love Story  | Zawgyi + Unicode |Tempat cerita menjadi hidup. Temukan sekarang