Jongin ဘယ်သွားလို့သွားရမှန်းမသိဘဲ bus car မှတ်တိုင်လေးမှာဘဲ ငုတ်တုတ်ထိူင်နေမိသည်...phလည်းမပါလာသလို ပိုက်ဆံအိတ်လည်းမပါပေ..
အရှေ့က bus ဘယ်နစီးဖြတ်သွားသလဲ သူမသိသလို လူတွေ သူ့ဘေးနားမှာဘယ်နယောက်ဖြတ်သွားမှန်းလဲမသိ..ခံစားချက်တွေမဲ့နေတဲ့သူလို ဒီနေရာလေးမှာထိုင်နေတာ မှောင်ပင်မှောင်နေပြီ...
တဖြည်းဖြည်း အေးလာသော ရာသီဥတုနဲ့အတူ မိုးလေးပါ ဖျောက်တောက်ဖျောက်တောက်ကျလာတော့ bus car gateထဲကို မိုးခိူတဲ့လူတွေများလာပေမယ့် jongin ထိုင်မြဲသာထိူင်နေဆဲ...Sehun ထိုးလိုက်လို့ မျက်နှာကယောင်ကာ တစ်ဆစ်ဆစ်ကိုက်နေသော်လည်း ရင်ထဲက နာကျင်မူှကိုမမှီတာကြောင့် တွေတွေလေးငေးမောမိနေဆဲ....
အသက်ထက်ပိူချစ်ပါတယ်ဆိုတဲ့ Sehun က ကျနော့်ကို ကိုယ်ထိလက်ရောက် ထိုးနှက်ခဲ့တာ..Sehun က ကျနော့်ကို ပြန်မလာနဲ့လို့ တစ်ချက်တောင် လှည့်မကြည့်ဘဲ ပြောထွက်ခဲ့တာ...ဘာလို့ရက်စက်တာလဲ Sehun ရယ်...
Sehun ရဲ့ အချစ်ဆိုတာ ဘာလဲဟင်...ကျနော် Sehun အချစ်ကိူ ယုံမိလို့ တစ်ဘဝလုံးပုံအပ်ခဲ့ပေးပြီးမှ လုပ်ရက်တယ်..ယူကြူံးမရတာဖြစ်မိတာကလွဲလို့ Sehun ကို ကျနော်အပြစ်မမြင်ပါဘူး...
ကျနော့်အချစ်ဆိုတာ Ooh Sehun ရဲ့ ပျော်ရွှင်ခြင်းတွေဘဲလေ..ကျနော် ကျေနပ်ပါတယ် Sehun ရယ်...
♥♥♥♥♥♥♥♥Love Story♥♥♥♥♥♥
"Jongin..."
Jongin ထိူင်နေတုန်းခေါ်သံကြားလို့ကြည့်လိုက်မိတော့ Baekhyun hyung....
"Hyung.."
"Tsk...! Jongin ဘာထိုင်လုပ်နေတာလဲ ဒီလောက်အေးနေတာကို...မျက်နှာကဘာဖစ်တာလဲ..."
Baekhyun ပြောလိုက်တာကြောင့် Jongin သူ့မျကိနှာကိုယောင်ယမ်းအုပ်မိလိုက်ကာ ထိုးခံရတဲ့နေရာက ထိလိုက်တာနဲ့ နာကျင်လွန်းသည်..ကျနော့်ရဲ့ Sehun က လက်သီးအားအတော်ပြင်းတာဘဲ...
သူ့ရဲ့ အားပြင်းတဲ့လက်သီးကလည်း ကျနော့်အတွက်...Hak..သနားစရာ Kim Jongin...Jongin မျက်ရည်မကျအောင် ပုတ်ခတ်သိမ်းဆည်းလိုက်ရင်း Baekhyun ကိုကြည်လိုက်သည်...Baekhyun ကတော့သူ့ကို မျက်မှောင်ကြုံု့ကြည့်ကာ...

YOU ARE READING
Love Story | Zawgyi + Unicode |
Fanfictionကျနော်တို့ ၂ယောက်ရဲ့ အချစ်ပုံပြင်.. SeKai Yaoi