Love Story - 13 ( Unicode )

846 76 0
                                    


"Hun...ဘယ်သွားမလို့လဲ..."

လက်ကအနာကြောင့် တစ်ညလုံးဖျားပြီး ကယောင်ကတမ်းတွေဖြစ်နေတဲ့ Sehun က ယခုမနက် အပြင်သွားမလို့ပြင်နေတာမိူ့ Jongin ကမေးလိုက်ခြင်းပါ...သမီးအတွက် ကျောင်းသွားဖို့ ပြင်ဆင်ပေးနေပေမယ့် Jongin လည်းတစ်ညလူံး မအိပ်ရသေးပေ...

"ဟို...Nini..."

Sehun ပြောပြလို့အဆင်မပြေတဲ့ ကိစ္စဆိုကတည်းက သူမဆီသွားမယ်ဆိုတာ Jongin ရိပ်မိလိုက်ပါသည်...Sehun နေမကောင်းသေးတာမို့ ...

"Hun...မသွားပါနဲ့..Breakfast နဲ့ Lunch အတွက် ကျနော် သွားစီစဉ်ပေးလိုက်ပါ့မယ်..."

Jongin စကားကြောင့် Sehun ကတွေတွေလေးရပ်ကြည့်နေတာမို့ ...

"Hun...ဘာလဲ...ကျနော့်ကိုမယုံဘူးလား...Hun ကလေးလေးကို တစ်ခုခုလုပ်မှာစိုးလို့လား..."

Jongin ကမျက်နှာငယ်လေးနဲ့ မေးလိုက်တာကြောင့် Sehun စိတ်မကောင်းဖြစ်သွားကာ...

"Nini သိသွားပြီလား...ကိုယ့်ကိုခွင့်လွှတ်နိူင်လို့လား...ဒီအခြေနေထိ ရောက်ခဲ့တာတောင် မှလေ.."

Sehun ရဲ့ မယုံနိူင်သလို အမေးကို jongin က ရင်နာနာနဲ့ဘဲ ပြူံးပြကာ...

"တကယ်ဆို သူမကိုကျနော်ကတောင် ကျေးဇူးတင်သင့်တာလေ...ကျနော် Hun အတွက် လုပ်မပေးနိုင်တာတွေကို သူမကဖန်တီးပေးနိုင်တယ်လေ..."

Jongin အပြုံးလေးနဲ့ ပြောနေပေမယ့် ရင်ထဲမှာ ဘယ်လောက်နာကျင်နေမလဲ Sehun သိပါသည်...သူ့အပေါ်ကိုထားတဲ့ jongin အချစ်စိတ်ကို Sehun မအံသြဘဲမနေနိုင်သလို Jongin အတွက်တော်တော်လေးလည်းစိတ်မကောင်းဖစ်မိပါတယ်....

အချိန်တွေကို နောက်ပြန်ဆုတ်လို့ရရင် သူဒီအမှားတွေကို ကျူးလွန်ခဲ့မှာမဟုတ်ပါ...ဒါပေမဲ့ အရာအားလုံးဟာနောက်ကျခဲ့ပြီလေ....

♥♥♥♥♥♥♥♥Love Story♥♥♥♥♥♥♥

Sehun ထံမှလိပ်စာယူကာ သူမဆီကို ထွက်လာလိုက်သည်..Hun က Driver နဲ့သွားဖိူ့ပြောသော်လည်း Jongin ကငြင်းပြီး တစ်ယောက်တည်း လမ်းလျှောက်လာခဲ့တာ...

လက်ထဲမှာလည်း Sehun အတွက် ပြုတ်ထားတဲ့ ခရုဆန်ပြုတ်ပူပုူလေးကို သူမအတွက်ထည့်ယူလာခဲ့သေးတာ...သူမအပေါ် စေတနာရှိလို့ မဟုတ်ပေမယ့် Sehun ရဲ့ကိုယ်ပွားလေးကိုတော့ မမြင်ဖူးပေမယ့် Jonginချစ်ပါသည်...

Love Story  | Zawgyi + Unicode |Tempat cerita menjadi hidup. Temukan sekarang