Love Story - 15 ( Unicode )

878 84 3
                                    


Jongin ဆေးရုံကနေ ပြေးထွက်လာကာ အရူးတစ်ယောက်လို လျှောက်သွားနေမိတာ ဘယ်ရောက်လို့ရောက်နေမှန်း ပင်မသိတော့...ဒူးတွေခွေယိူင်ကာ လဲကျချင်နေပေမယ့် ဂရုမစိုက်နိုင်....သူ့နားထဲမှာ Sehun ရဲ့ လမ်းခွဲရအောင်ဆိုသော စကားဟာ အထပ်ထပ်....

ကျနော် Ooh Sehunကို တစ်ခါလောက်မုန်းကြည့်ချင်လိုက်တာ....

Jongin လမ်းဘေးက Cherry ပင်ကြီးအောက်မှာ ငုတ်တုပ်လေး ထိုင်နေတာ အသိစိတ်လွတ်နေတဲ့ သူလို....ဘယ်သွားလို့ ဘယ်လာရမှန်း မသိတာမို့ ကြောင်စီစီလေး ထိုင်နေလေသည်...

"Jongin..."

Jongin ခေါ်သံကြားလို့ မော့ကြည့်လိုက်တော့ Taemin...

"Taemin.."

Taemin သုူ့ကို မော့ကြည့်လာတဲ့ Jonginကိုကြည့်လိုက်ပြီး အလန့်တကြားဖစ်သွားတယ်...မျက်နှာတစ်ခုလုံး မျက်ရည်တွေ ရွှဲနစ်နေကာ နဖူးမှာကသွေးတွေက ခြောက်နေပြီ...

သနားစဖွယ်လေးပြန်ကြည့်နေတဲ့ jongin ကိုဆွဲထူလိုက်တော့ Jongin ကမတ်တပ်မရပ်နိင်သည့်အလား ပြိုလဲကျလာတာကြောင့် Taemin ရင်ခွင်ထဲရောက်သွားတယ်...

Taemin ငုံ့ကြည့်လိူက်တော့ Jongin ကသူ့ရင်ခွင်ထဲမှာ ငိူနေတာကြောင့် ဘာမှမပြောဘဲ jongin ကျောပြင်လေးကို ပွတ်ပေးလိုက်ကာ နှစ်သိမ့်ပေးနေမိတယ်...

"Jongin...အပြင်မှာအေးတယ်...ကားထဲသွားရအောင်နော်.."

အသက်မဲ့နေသလို တွေတွေလေးရပ်နေတဲ့ jongin ကိူ Taemin က ကြင်ကြင်နာနာနဲ့ ခေါ်သွားပြီး ကားအနောက်ခန်းထဲကိူ ဝင်ထိူင်လိုက်ကာ Driver ကိုသူ့အိမ်ကိုမောင်းဖို့ပြောလိုက်တော့တယ်...

Jongin ကတော့ Taemin ရင်ခွင်ထဲမှာ ရိူှက်သံလေးတွေထွက်ပြီး ငိူနေတုန်းပါဘဲ....Taemin က Jongin ရဲ့ မျက်ရည်တွေကို သုတ်ပေးပြီး...

"Jongin...ကိုယ့်ကိုရင်ဖွင့်လို့ရတယ်နော်..."

Jongin ပုံစံက အမေပျောက်နေတဲ့ ကလေးတစ်ယောက်လို အားငယ်ကာ ခိုကိုးရာမဲ့နေတဲ့ ပုံမိူ့ Taemin ပြောလိုက်ခြင်းပါ....Jongin ကဘာမှမပြောဘဲ Taemin ရင်ခွင်ထဲကို ခေါင်းလေးတိုးဝင်ကာ ငိူမြဲငိူနေတာကြောင့် Taemin သက်ပြင်းသာချရင်း jongin ကိူထွေးပွေ့ထားလိုက်တယ်...

Love Story  | Zawgyi + Unicode |Onde histórias criam vida. Descubra agora