Sehun အိပ်ပျော်နေတဲ့ Jongin မျက်နှာလေးကို ကိူင်လိူ်က်ပြီး...
"ပိန်သွားလိုက်တာ Niniရယ်...Hun ပစ်ထားမိသလို ဖြစ်သွားတယ်...တောင်းပန်တယ်ဆိုတာကလွဲပြီး Hun ဘာပြောရမှန်းတောင်မသိပါဘူး..."
Sehun ကိုယ်တိုင်လည်း စိတ်တွေရူှပ်ထွေးလွန်းလှပါသည်...Jongin ကိုလည်း သူလက်မလွှတ်နိုင်သလို သူ့ကလေးကိူလည်း မစွန့်ပစ်နိုင်...ဘာကြောင့်များ ဒီလောက်ရူှပ်ထွေးနေရပါလိမ့်....
"ဟူး...."
စိတ်မောစွာ သက်ပြင်းမောတစ်ခုကိုချလိုက်ရင်း မော့ကြည့်လိုက်တော့...ကုတင်ပေါ်က jongin က မျက်ရည်အဝိုင်းသားနဲ့ sehun ကိုကြည့်နေတာ...
"နိုးပြီလား Nini...သက်သာရဲ့လား.."
Sehun မေးလိုက်ပေမယ့် jongin ကမဖြေတဲ့ အပြင် မျက်လူံးမှိတ်သွားတယ်..Sehun အရမ်းအံ့သြသွားခဲ့တယ်..Jongin က အခုသူမေးနေတာကို ဥပေက္ခာပြုလိုက်တာလား..
"Jongin...ဖြေပါဦး...Hun မေးနေတာကြားလားလို့.."
Sehun လူှပ်ကာ မေးလိုက်ပေမယ့် Jongin ကမဖြေပါ...သူ့ကိုကျောပေးကာ တစ်ဖက်သို့လှည့်သွားပြီး..
"ကျနော်တစ်ယောက်တည်းနေချင်လို့ပါ Hun.."
Sehun ဝမ်းနည်းသွားပေမယ့် ....
"အင်းပါ..ဒါဆို Hun အပြင်မှာရှိတယ်နော်...Niniစိတ်ရူှပ်နေမှာသိပါတယ်...ငိုမနေနဲ့တော့နော်...."
Sehunက jonginနဖူးပေါ်အနမ်းလေးပေးကာ အခန်းတံခါးပိတ်ရင်း ထွက်သွားတော့တယ်...
Sehun ထွက်သွားတော့မှ jongin နာကျင်နေတဲ့ သူ့ရင်ဘတ်ကို ဖိထားကာ မျက်ရည်တွေ တလိမ့်လိမ့်ကျလာတယ်....
နာကျင်ရမယ့်အတူတူ ဆုံးဖြတ်ချက်တစ်ခုကို ရဲရဲဝံ့ဝံ့ချလိုက်ပါတော့မယ်...ဒါကြောင့် ကျနော့်ကို ထပ်ပြီးတွေဝေအောင် မလုပ်ပါနဲ့တော့ Hun....
♥♥♥♥♥♥♥Love Story♥♥♥♥♥♥♥♥
Sehun ကအလုပ်သွားပြီဖြစ်သလို သမီးလည်းကျောင်းသွားပြီ ဖြစ်တာကြောင့် jongin အိမ်မှာတစ်ယောက်တည်း ငြီးငွေ့စွာ...လက်တစ်ဖက်ကလည်း ကျောက်ပတ်တီးနဲ့မို Sehun ကဘာမှမလုပ်နဲ့ဟု တဖွဖွမှာသွားတာ....

BINABASA MO ANG
Love Story | Zawgyi + Unicode |
Fanfictionကျနော်တို့ ၂ယောက်ရဲ့ အချစ်ပုံပြင်.. SeKai Yaoi