ကံကြမ္မာက ကျီစားတယ်ဆိုရင်တောင် ကျနော့်အပေါ်ထိုမျှလောက်တော့ မရက်စက်သင့်ဘူးမဟုတ်လား...
ကိုယ်နဲ့ဘာမှမဆိုင်တဲ့ ကလေးကိုသွေးသားဟုထင်မှတ်ကာ ဆုံးရူံှးသွားရတာတွေက အများအပြား...NiNi အပေါ်ကိုများ
ကျူးလွန်တာတွေများလို့ အပြစ်ပေးခံရတာလားလေ...
"Sehun..ကျနော်ရောက်ပြီ.."
အတွေးလွန်နေတာ ရှေ့ကခုံကို Jongin ဝင်ထိုင်လိုက်မှ အသိဝင်လာသည်...
"ဘာမှာလိုက်ရမလဲ...Nini"
"ပြောစရာရှိတယ်ဆိုပြောပါ...ကျနော်အချိန်သိပ်မရဘူး.."
စိမ်းကားသွားလိုက်တာ...လိူှက်တက်လာတဲ့ ဝမ်းနည်းမူှတွေကို ထိန်းချူပ်လိူက်ပြီး...
"ကွာရှင်းဖို့ကို တကယ်မပြင်တော့ဘူးလား..ကိုယ့်ကလေးမဟုတ်ရင်တောင် မှလေ.."
Jongin မျက်လုံးအစုံက အံသြမူှကြောင့် ဝိုင်းစက်
သွားခဲ့တယ်...ဒါပေမဲ့..
"တော်သင့်ပြီ Sehun...ကျနော် ခင်ဗျားနဲ့ ကွာရှင်းမှာပါ..Sehun ကလေးဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ Sehun နဲ့ကျနော် ကွာရှင်းမှာပါ..."
"ဘာလို့လဲ..ဘာလို့ အရင်လို ပြန်နေမယ်လို့မပြောတာလဲ .."
ဝမ်းနည်းမူှတွေ ဒေါသတွေ ယူကြုံးမရ ဖြစ်သံနဲ့ အော်လိုက်တဲ့ Sehun အသံကြောင့် Jongin တစ်ချက်တော့ တုန်သွားပေမယ့်...
"ဘာလို့လဲ ဆိုတော့ ...ကျနော် Sehun ကိုမချစ်တော့လို့...ကျနော့်မှာ Sehun မဟုတ်တဲ့ တခြားတစ်ယောက် ချစ်ရမယ့်သူရှိနေပြီ.."
Jongin စကားကြောင့် Sehun အရာအားလုံးရပ်တန့်ကုန်သလို...အသက်ရူှသံတွေတောင် ရပ်တန့်သွားသယောင်..မချစ်တော့ဘူးတဲ့လား...ရင်ထဲမှာ ဆွဲစုပ်ခံထားရသလို ခက်ခဲလိုက်တာ...
"NiNi ...နောက်စရာမဟုတ်ဘူး.."
"ဟင့်အင်း...ကျနော် မနောက်ဘူးဆိုတာ Sehun ကို အချိန်က သက်သေပြလိမ့်မယ်.."
ဘာစကားသံမှ ထွက်မလာတော့ဘဲ ၂ယောက်သားကြားမှာ တိတ်ဆိတ်မူှက ကြီးစိုးသွားခဲ့သည်...နာကျင်စေဖို့ မရည်ရွယ်ပါဘူး Hun...Jongin ကပင် မတ်တပ်ထရပ်လိုက်ကာ...

YOU ARE READING
Love Story | Zawgyi + Unicode |
Fanfictionကျနော်တို့ ၂ယောက်ရဲ့ အချစ်ပုံပြင်.. SeKai Yaoi