5 years later.....
အချိန်တွေက နာကျင်စရာတွေကို ကုစားပေးနိုင်မယ်ထင်ခဲ့ပေမယ့်ဝေဒနာတွေဟာ လျှော့ပါးမသွားခဲ့...၅နှစ်ဆိုသော အချိန်အတွင်းမှာ Sehun ရော ဘာတွေများပြောင်းလဲသွားပြီလဲ...
အတိတ်က ခြေရာတွေ ရှိခဲ့တဲ့ Korea မြေကိူ ပြန်လာရတာ ရင်ခုန်နူှန်းက ခပ်သိမ့်သိမ့်...ICN Airport ကြီးကတော့ Jongin ထွက်သွားတုန်းကအတိုင်း မပြောင်းလဲဘဲ ခမ်းနားဆဲ...
Taxi တစ်စီးကို ငှါးကာ လွန်ခဲ့တဲ့ ၅နှစ် တုန်းက နေခဲ့တဲ့ ကွန်ဒိုဆီသိူ့ ဦးတည်လိုက်သည်..
ကျနော်သည်လက်ရှိမှာတော့ U.S ကနေ ဘွဲ့ယူလာသည့် Kim Jongin သာဖြစ်သည်..လွန်ခဲ့တဲ့ 5နှစ် ကModel လောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်လာကာမှ ရုတ်တရက်ကြီး ပျောက်ကွယ်သွားခဲ့သော Model KAI ကိုရော လူတွေမှတ်မိကြပါဦးမလား....
Pwကို နှိပ်ပြီး အိမ်ထဲဝင်သွားတော့ ပိတ်စအဖြူတွေအုပ်ထားခဲ့သည့် ပရိဘောဂတွေက ဖုန်အလိမ်းလိမ်းနဲ့ ဆီးကြိုနေလေရဲ့...သန့်ရှင်းရေး ဝင်ရဦးမည့်အရေး တွေးပြီး လုူကမောသွားသလို....
ပျင်းနေရင်လည်း မဖြစ်တာမို့ ခပ်သွက်သွက် လုပ်စရာတွေကို လုပ်ပြီး အမောဖြေနေတုန်း ph လာတာကြောင့် ကိုင်လိုက်တော့...သမီးဆီက...
power ဖွင့်ကာ ဖြေလိုက်တော့ ဘိုသံပေါက်နေသည့် သမီးအသံ ခပ်စူးစူးလေးက ထွက်လာလေရဲ့....
"I miss you ,Papa...!"
ဘိုလိုမူှတ်နေသည့် Rahee ကြောင့် Jongin ခပ်ကျယ်ကျယ်ရီလိုက်ကာ...
"Mee too, my sweety"
"Papa ကရီနေတယ်ပေါ့လေ..သမီးက တကယ်လွမ်းနေတာ.."
"Aigo....သမီးကတော့ Papa ကိူချွဲပြီ ...ကျောင်းပိတ်ရင် mommy တိူ့နဲ့ Papa ဆီအလည်လာခဲ့လေ..."
~~~~:;_=(()?__())<©(\;:::~~~~~~~
သမီးနဲ့ အချိန်အတော်ကြာ ph ပြောပြီးမှ ခဏနားကာ ရေချိူးပြီး ခရီးပန်းလာသမျှ အနားယူကာ အိပ်စက်လိုက်တော့သည်....ကျနော် နဲ့ Sehun မျက်စိရှေ့မှာ မူကြိုတတ်ကာ စကားမပီကလာပီကလာပြောတတ်သော သမီးသည် အခု အလှပကြိူက်သော အလယ်တန်းကျောင်းသူကြီးဖစ်လာခဲ့ပြီ..

YOU ARE READING
Love Story | Zawgyi + Unicode |
Fanfictionကျနော်တို့ ၂ယောက်ရဲ့ အချစ်ပုံပြင်.. SeKai Yaoi