"Jongin လား.."
Market ထဲမှာဈေးဝယ်နေရင်း နောက်ကနေ ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ Taemin hyung....လက်မှာလည်း ကလေးလေးတစ်ယောက်ကို လက်တွဲထားသေးသည် . ...
"Hyung...Taemin hyung.."
အကြာကြီးမတွေ့ခဲ့ရတာမို့ ထင်ပါ့....Taemin hyung တောင် ပြောင်းလဲသွားသလို...
"Yarrr!! တကယ် Kim jongin,ဘဲ...မင်းဘယ်တွေပျောက်နေခဲ့တာလဲ."
Taemin hyung ရဲ့ ဝမ်းသာအားရ မေးလိုက်တဲ့ စကားကို ဖြေမလို့စဉ်းစားဆဲမှာ...
"Nini"
လက်ဖဝါးကြီးကြီးတစ်ခုက Jongin လက်တွေကို လာဆုပ်ကိုင်ပြီး ခေါ်လိုက်တဲ့ နာမည်ကြောင့် Jongin ပြုံးလိုက်ကာ....
"ဝယ်ပြီးပြီလား hun"
"Inn...ပြီးပြီ...ဒါနဲ့..သူက.Kim Taemin ထင်တယ်."
"အင်း...ဟူတ်တယ်လေ..Taemin hyung...ဒါ sehun လေ မှတ်မိတယ်မလား.."
Taemin ကတော့ သူရှေ့က လူ၂ယောက်ကို နားမလည်သလို ကြည့်နေတယ်...Jongin က ပြူံးလိုက်ကာ..
"ဒီမှာ ရပ်ပြောလို့မကောင်းပါဘူး Hyung ရယ်...အပေါ်ထပ်က စားသောက်ဆိုင် တစ်ခူဆီသွားရအောင်.."
Taeminကခေါင်းငြိတ်လိူက်ပြီး...
"ခဏလေး Minho ကို ph ဆက်လိုက်ဦးမယ်...ခုဏလေးကတင်ရှိနေသေးတယ်...အလုပ်နားရက်လေး မိသားစုကို အချိန်ပေးမယ်မရှိဘူး..ပျောက်သွားပြန်ပြီ.."
Taemin hyung က ပွစိပွစိလုပ်ကာ ph ထုတ်ပြီး minho ကို အော်နေတယ်...Taemin hyung လက်တွဲထားတဲ့ ကလေးလေးရယ် minho ကိုပြောနေတဲ့ ပုံတွေကြောင့် Jongin တစ်ခုခုကို သဘောပေါက်လာသလိုရှိတယ်...
ငါးနှစ်အတွင်းမှာ မပြောင်းလဲတာ sehun နဲ့ ကျနော်ဘဲ ရှိသည်လားတော့ မသိပါ.....
~~~~~~~~~~~~~
"မင်းက ထွက်သွား တာငါတို့ကိုတောင်မပြောခဲ့ဘူး..."
Taemin hyung ရဲ့ စိတ်ဆိုးသလို စကားကြောင့် Jongin အားနာသလိုလေးပြုံးပြလိုက်ကာ..
"Meainhae hyung...ကျနော်တစ်ကယ် ဘယ်သူ့ကိုမှ အသိပေးချင်စိတ်မရှိလို့ပါ..Sehun တောင် မသိခဲ့ဘူး..
ကျနော်ပြန်ရောက်တာတောင် မကြာသေးဘူး..အရင်နေတဲ့ တိုက်ခန်းမှာဘဲ sehun နဲ့တူတူနေနေတယ်.."

YOU ARE READING
Love Story | Zawgyi + Unicode |
Fanfictionကျနော်တို့ ၂ယောက်ရဲ့ အချစ်ပုံပြင်.. SeKai Yaoi