(၁၇)
"ဟော ဟိုရှေ့မှာမြင်ရတာက လန်းမားကျွန်း (Lamma Island) ဟိုဟာကတော့ ဗစ်တိုးရီးယားဆိပ်ကမ်း၊ ဒါကတော့ Central ဟောင်ကောင်ပေါ့၊ The peak က ခရီးသွားဧည့်တွေကိုဆွဲဆောင်တဲ့နေရာတစ်ခုတင် မဟုတ်ဘူး၊ အချစ်သက်သေထူတဲ့နယ်မြေတစ်ခုလည်းဖြစ်တယ်အစ်ကို"
ကျွန်တော်တို့နှစ်ယောက် ဟောင်ကောင်ကိုရောက်နေခဲ့ပါသည်။
အားလပ်ရက်မဟုတ်သော်လည်း ကြုံတောင့်ကြုံခဲအခါအခွင့်သင့်သည်မို့ အစ်ကို့ကိုမရရအောင်ခေါ်လာ ခဲ့ခြင်းပင်။ ဟောင်ကောင်၏ အစိတ်အပိုင်းတော်တော်များများကိုအပေါ်စီးမှ လှမ်းမြင်ရသည့် The peak ဆီသို့ရောက်လာခဲ့ကြခြင်းပင်။
"ဆန်းနေရောင်၊ မင်း ရုံးချုပ်ကို သင်တန်း တစ်ပတ်သွားရမယ်" ဟုဆိုလာသည့်အခါ အစ်ကို့ကိုခေါင်းထဲ ပြေးမြင်မိသည်။ ပုံမှန်အားဖြင့် ဟောင်ကောင်နှင့် ထိုင်းနိုင်ငံများမှာ ရုံးမှ လူအများအဖို့မသွားချင်လှသည့် နေရာတစ်ခုဖြစ်နေခဲ့ပြီ။ သင်တန်းတက်ရမည်။ ပြန်လာလျှင်လည်း သိလာသမျှခရေစေ့တွင်းကျကို ရုံး တွင်းပြန်လည်မျှဝေပေးရသည်။ သွားရသလောက်တာဝန်ကြီးသည်မို့ သင်တန်းနှင့်သွားရမည်ဆိုပါက မည်သူကမျှမသွားချင်ကြ။ ထို့နောက် ဖင်ပေါ့သည် သွက်လက်သည်ဟု အသိအမှတ်ပြုထားကြပြီးသော သူတို့ခိုင်းသမျှတစ်သွေမတိမ်းလုပ်ပေးတတ်သော ကျွန်တော့ကို ဝိုင်းဝန်းလက်ညိုးထိုးကြတော့သည်။ သို့ နှင့် ဟောင်ကောင်ကိုလာခဲ့ရခြင်းဖြစ်ပါသည်။
"ကျွန်တော် သင်တန်းတစ်ပတ်သွားရမယ်၊ အစ်ကို ရုံးကခွင့်ရမယ်ဆိုရင်လိုက်ခဲ့စေချင်တယ်၊ ကြားရက် မှာ ပိတ်ရက်လည်းတစ်ရက်ရှိသေးတယ်၊ အစ်ကိုလိုက်မယ်ဆိုရင်တော့ ခွင့်သုံးလေးရက်တော့ အနည်း ဆုံးတော့ ယူရမှာပေါ့၊ အဆင်ပြေရင်တော့ လိုက်ခဲ့စေချင်တယ်၊ ပိုက်ဆံလည်းသိပ်မကုန်ဘူးလေ၊ ကျွန် တော်တို့တည်းနေကျ ရုံးကအဆောင်ပေးထားတယ်၊ နှစ်ယောက်ခန်း၊ အဲမှာ လွတ်လွတ်လပ်လပ်တည်း လို့ရတယ်၊ သွားနေကျဆိုတော့ ပြသနာမရှိဘူး၊ ရုံးချုပ်ကလူတွေနဲ့လည်းခင်နေပြီ၊ ကျွန်တော်အဲလောက် တော့ပိုင်ပါတယ်၊ ဒီအတိုင်းဆိုရင်တော့ ဟောင်ကောင်မှာဟိုတယ်မှာတည်းဖို့က သိတဲ့အတိုင်းပဲ၊ ဈေးက မြောက်တက်နေတာလေ"
ВЫ ЧИТАЕТЕ
ညီ ဖန်တီးသော Love Story
Любовные романыအစ်ကိုနဲ့အတူ နှစ်ယောက်တည်းကမ္ဘာတည်ဆောက်ချင်လို့ အချစ်ပုံပြင်ကို ညီ ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ အဲဒီ Love Story ထဲမှာ....