[Zawgyi]
"ပါးပါး.."
'နေပါအုံး...အရေးကြီးဧည့်သည်က..ပါး လား
CEO ကပါးနဲ့သိတာလား...အာ့မို့ပါးကခွင့်ပြုခဲ့တာလား ဟာ မသိတော့ဘူး..'"ဦးလေးရှောင်း..."
"ထိုင်ပါ...ထိုင်.."
'ဦးလေးရှောင်း...အဲ့လောက်ရင်းနှီးလား'
ရှောင်ကျန့် ခေါင်းကုတ်ကာ စဉ်းစားခန်းဖွင့်နေသည်"ဘာမှစဉ်းစားမနေနဲ့...ကျန့်ကျန့်...ပါးနဲ့ ရိပေါ်နဲ့က လုပ်ငန်းစပ်တူလုပ်နေကြတဲ့သူတွေ..အဲ့တာမို့..သားကိုပါးကခွင့်ပြုပေးခဲ့တာပေါ့"
"အာ့ဆို..သားကို..ဘာလို့ကြိုမပြောတာလဲ"
"ပါးသားက...အိမ်ကိုပြန်လာလို့လား..ဖုန်းလေးတောင်ဆက်ဖော်မရတာလေ.."
"ထားပါတော့...CEO ဝမ်ကကော ..ဘာလို့ကျွန်တော့်ကိုမပြောရတာလဲ"
"မင်းကကော...ကျွန်တော်ဘယ်သူ့သားပါဆိုပြီး..ဖောင်ဖြည့်ခဲ့လို့လား...မသိစေချင်တာပဲမဟုတ်လား"
"အဲ့တာ...အဲ့တာလေ"
"ကဲပါ...ကျန့်ကျန့်...သားရိပေါ်ဆီမှာ..သေချာအလုပ်လုပ်ပါ...တစ်နှစ်ပြည့်ရင်...ပါးအလုပ်ကိုပြန်ခေါ်မယ်...ဟုတ်ပြီလား"
'ပါး...ပါးသား...ဒီကကျန့်ကျန့်လေးကို..ဒီက အယုတ်တမာဆီမှာ အပ်ထားတယ်ပေါ့...အီးးဟီးး
တစ်ခါတည်း...ခေါ်သွားဆိုပြန်လည်းငါနဲ့ ချန်ကောဝေးရင် ဝမ်ရိပေါ်ဆီပါသွားအုံးမှာ..အမလေးငါ့ဘဝကလည်းနော်'"ပါးတစ်နှစ်ပဲနော်...သားတစ်နှစ်တိတိပဲနော်"
"အေးပါကွယ်...သားပူစရာမလိုပါဘူး..သားကိုရိပေါ်ကဂရုစိုက်မှာပါ..."
'အဲ့လူကြီးကပဲသားကိုနှိပ်စက်နေတာပဲ...'
"ဟုတ်ကဲ့...ကျွန်တော်ရှောင်ကျန့်ကို..အသေအချာကို ဂရုစိုက်ပါတယ်...သူအလုပ်လုပ်တာအရမ်းစေ့စပ်တာလေ"
ရိပေါ်ရှောင်ကျန့်ကို လုပ်ပြုံးပြုံးကြည့်ပြီး ရွဲ့ကာပြောသည်
ရှောင်ကျန့် ရိပေါ်ကိုကြည့်ကာ မကျေနပ်ပေ..."ဦးလေး ရိပေါ်ကိုယုံပါတယ်ကွယ်."
ရိပေါ်နဲ့ ရှောင်းပါးပါးတို့ အလုပ်ကိစ္စများဆွေးနွေးပြီးနောက် ရှောင်းပါးပါးပြန်သွားကာ ရိပေါ်နဲ့ရှောင်ကျန့် သာကျန်ခဲ့သည်
YOU ARE READING
မင်းအချစ်ကကိုယ့်အတွက်ပဲဖြစ်ပါရစေ (Completed)
Fanfiction[Zawgyi] "အကယ်၍နောက်ဘဝသာရှိခဲ့ရင်လည်း ကိုကိုက ကျန့်ကျန့်ကိုပဲချစ်နေမိမှာပါ ဘဝဆက်တိုင်း ရှောင်ကျန့်ဆိုတဲ့ကောင်လေးကိုပဲ လိုက်ရှာနေမိမှာပါ" ဝမ်ရိပေါ် "ကျန့်ကျန့်ကို အမြဲတမ်း ကိုကိုချစ်ရတဲ့သူ ကို...